200

ကျောက်မဲနှင့် မန်တုံမြို့တွင် လေပြင်းနှင့် မိုးသီးကျခြင်းကြောင့် ဒေသခံနေအိမ်၊ တောင်ယာနှင့် ပြောင်းခင်းများပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
10 May 2024

ကျောက်မဲနှင့် မန်တုံမြို့တွင် လေပြင်းနှင့် မိုးသီးကျခြင်းကြောင့် ဒေသခံနေအိမ်၊ တောင်ယာနှင့် ပြောင်းခင်းများပျက်စီး


နမ့်ဆန်၊ မေလ ၁၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် စခန်းသာကျေးရွာတွင် လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကျခြင်းကြောင့် ဒေသခံနေအိမ်များ ပျက်စီးပြီး တောင်ယာနှင့် ပြောင်းခင်းများ ပျက်စီးခဲ့သည်။




ယမန်နေ့ မေလ (၉)ရက်နေ့ ည (၁၂း၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများ ရွာချခြင်းကြောင့် အိမ်ခြေ (၃၀)ကျော်ပျက်စီးခဲ့သည်။


ထို့အပြင် နောင်ပိန်ရှိ လျှပ်စစ် ဓါတ်အားပေးမီးတိုင် (၁၈)တိုင်လဲကျသည့်အပြင် လမ်းမကြီးထက်တွင်လည်း သစ်ပင်များပြိုလဲကျခြင်းကြောင့် လမ်းပိတ်ဆို့သည်အထိ ဖြစ်ခဲ့ရသည်။


၎င်းအပြင် မန်တုံမြို့တွင်လည်း မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)အိမ် ပျက်ဆီးသွားခဲ့သည်။






အလားတူ လွန်ခဲ့သည့် မေလ(၁) ရက်နေ့တွင်လည်း ၁၅ မိနစ်ကြာ လေဆင်နှမောင်း တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ်ရှိ ဒေသခံပြည်သူ နေအိမ်(၈၀)ကျော် ပျက်စီးခဲ့ရသည်။





ယခုလအတွင်း နမ္မတူ၊ မန်တုံ၊ နောင်ချို ၊ သီပေါ စသည့်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျခြင်းကြောင့် နေအိမ်များပျက်ဆီးခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ ဒေသခံများ၏ တောင်ယာနှင့် ပြောင်းခင်းများ ပျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့သည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် စခန်းသာကျေးရွာတွင် လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကျခြင်းကြောင့် ဒေသခံနေအိမ်များ ပျက်စီးပြီး တောင်ယာနှင့် ပြောင်းခင်းများ ပျက်စီးခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်