195

ဖဒဲန်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
09 May 2024

ဖဒဲန်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲပြုလုပ်


နမ့်ခမ်း၊ မေလ ၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မန်အောင်ခရိုင် နမ့်ခမ်းမြို့နယ်၊ ဖဒဲန်အုပ်စု၊ ဖဒဲန်ကျေးရွာတွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ပြီး ယမန်နေ့ မေလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပ ခဲ့သည်။





အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်ဂါင်ဒိုင်းနှင့် TLTA တာဝန်ခံနော;ဇာရ်မှ ဦးဆောင်ပြီး နမ့်ခမ်းမြို့ တအာင်းစာပေယဥ်ကျေးမှုကော်မတီအပါအဝင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ ပြည်သူလူထုများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများ စုစုပေါင်း လူဦးရေ (၁၃၀)ဦး တက်ရောက်ခဲ့ကြသည်။





သင်တန်းတွင် တအာင်းရုံးသုံးစာ ခေါင်းစဉ် (၁၀) မျိုးဖြင့် (၄၅) ရက်ကြာ သင်ကြားပြီနောက် ကျောင်းသူ/သားများကို ဆရာ/မများက သင်ကြားပေးခဲ့ပြီး ဆုရရှိသူများကို‌ ပေး

အပ်ချီးမြှင်ပြီး သင်တန်းဆင်းလက်မှတ် ဂုဏ်ပြုလွှာ ချီးမြှင့် ပေးခဲ့သည်။ 




တအာင်းရုံးသုံးစာ ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်ကို TLTA တာ၀န်ခံ နော;ဇာရ်မှ '' တအာင်းလူမျိုးတိုင်းသည် မိမိတအာင်းယဉ်ကျေးမူကိုချစ်မြတ်နိုးရန်၊ ရုံးသုံးစာတတ်မြောက်ရန်၊ တအာင်းစာအုပ် တအာင်းဘာသာစကားများများထုတ်နိုင်ရန်၊နောက်လာမဲ့လူငယ်များဖတ်လို့ရအောင်ရွာတိုင်းသင်တန်းပေးနိုင်အောင် သက်ကြီးရွယ်အိုမရွေးဖတ်တတ်အောင် TLTA အဖွဲ့က ဦးဆောင်ပြီး တအာင်းရုံးသုံးစာကို သင်ကြားပေးမည်'' ဟု ပြောသည်။






၂၀၂၄ ခုနှစ်တွင် တအာင်းစာပေသင်ကြားရေးအဖွဲ့-TLTAသည် နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာ ၅ ရွာကို တအာင်းရုံးစာ သင်ကြားပေးခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မန်အောင်ခရိုင် နမ့်ခမ်းမြို့နယ်၊ ဖဒဲန်အုပ်စု၊ ဖဒဲန်ကျေးရွာတွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ပြီး ယမန်နေ့ မေလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပ ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်