191

လားရှိုးတွင် မန်ဆန်ရေကျ ရေတံခွန်တွင် ကိုရင်တစ်ပါးနှင့် အမျိုးသား ၁ ဦး ရေနစ်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
08 May 2024


လားရှိုးတွင် မန်ဆန်ရေကျ ရေတံခွန်တွင် ကိုရင်တစ်ပါးနှင့် အမျိုးသား ၁ ဦး ရေနစ်သေဆုံး


လားရှိုး၊ မေလ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ် မန်ဆန်ကျေးရွာရှိ မန်ဆန်ရေကျရေတံခွန်တွင် ရေဆင်းချိုးသည့် အမျိုးသား ၂ဦး ရေနစ်သေဆုံးခဲ့သည်။


လားရှိုးမြို့ သစ္စာဒဂုံတောရကျောင်းမှ ဦးဇင်းနှင့်ကိုရင်များအပါအဝင် မြို့ခံများမှ မန်ဆန်ရေကျကျေးရွာရှိ ရေတံခွန်တွင် ရေသွားဆော့ကစားခဲ့ပါသည်။ 






ရေကစားနေချိန် ကိုရင်လေးတစ်ပါး ရေနစ်နေစဥ် ၎င်းနှင့်အတူပါလာသည့်အမျိုးသားတစ်ဦးက ရေနစ်သည့် ကိုရင်လေး အားဆင်းကယ်ရာမှ အဆိုပါအမျိုးသားပါ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။


ထိုအမျိုးသား ၂ ဦးသည် လားရှိုးမြို့ ရပ်ကွက် (၁)နေ မောင်ရဲရင့် အသက်(၂၅)နှစ်နှင့် သစ္စာဒဂုံတောရကျောင်းတိုက်နေ ကိုရင်လေးဖြစ်သည့် အရှင်ဓမ္မဝိတ(ခ)သန်းတိုးအောင် အသက် (၂၃) နှစ်တို့ ဖြစ်ကြပါသည်။


ရေနစ်သေဆုံးသွားသည့် ရုပ်အလောင်းများကို လားရှိုးမြို့ လူမှုကူညီရေးအသင်းဖြစ်သည့် နောင်မွန်လူငယ်အသင်းမှ သွားရောက်သယ်ဆောင်ကူညီပေးခဲ့ကြောင့် ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ် မန်ဆန်ကျေးရွာရှိ မန်ဆန်ရေကျရေတံခွန်တွင် ရေဆင်းချိုးသည့် အမျိုးသား ၂ဦး ရေနစ်သေဆုံးခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်