190

နမ့်ကွတ်ကျေးရွာတွင် ခရီးသည်တင်ကားတစ်စီး တိမ်မှောက်၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
08 May 2024

နမ့်ကွတ်ကျေးရွာတွင် ခရီးသည်တင်ကားတစ်စီး တိမ်မှောက်၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ


ကွတ်ခိုင်၊ မေလ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာတွင် မေလ ၆ ရက်နေ့ နေ့လယ် ၂း၃၀ ခန့်တွင် ခရီးသည်တင်မော်တော်ယာဥ်တစ်စီး တိမ်မှောက်မှုဖြစ်ပွားခဲ့ပါသည်။




အဆိုပါယာဥ်သည် မူဆယ်မြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသည့် လိုင်းကားအသေးစား ဖြစ်သည်။ ကားတိမ်းမှောက်မှုဖြစ်ပွားစဥ် ယာဥ်ပေါ်ပါလာသည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရခဲ့သည်။




၎င်းထဲတွင် အမျိုးသမီးတစ်ဦးသာ ညာဘက်လက်ကျိုးပြီး မျက်နာနှင့်ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။၎င်းကို ကွတ်ခိုင်မြို့လူမှူကူညီရေးအသင်းက ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်။


ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဥ်မောင်းအား PSLF/TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာတွင် မေလ ၆ ရက်နေ့ နေ့လယ် ၂း၃၀ ခန့်တွင် ခရီးသည်တင်မော်တော်ယာဥ်တစ်စီး တိမ်မှောက်မှုဖြစ်ပွားခဲ့ပါသည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်