189

မူဆယ်တွင် ကားဘရိတ်ပေါက်ရာမှ အိမ်ရှေ့ဆော့နေသည့် ကလေးငယ်တစ်ဦးကို ကြိတ်မိပြီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
08 May 2024

မူဆယ်တွင် ကားဘရိတ်ပေါက်ရာမှ အိမ်ရှေ့ဆော့နေသည့်  ကလေးငယ်တစ်ဦးကို ကြိတ်မိပြီး သေဆုံး


မူဆယ်၊ မေလ ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့တွင် ကားတစ်စီးဘရိတ်ပေါက်ရာမှ အိမ်ရှေ့ဆော့နေသည့် ကလေးငယ်တစ်ဦးကို ကြိတ်မိပြီး သေဆုံးသွားခဲ့ပါသည်။





ဖြစ်စဥ်တွင် ယနေ့  မေလ ၇ ရက် နံနက် ၁၀း၀၀ နာရီဝန်းကျင်တွင်  တောင်ရွက်အတက်တွင် သဲတင်လာသည့်ကားတစ်စီး ဘရိတ်ပေါက်ရာမှ နောက်ပြန်လှိမ်ကာ ကလေးငယ်တစ်ဦးကို ကြိတ်မိခဲ့ကြောင့် ဒေသခံတစ်ဦးက ပြောပါသည်။

" ကုန်းအတက်မှာ ကားက ဘရိတ်ပေါက်သွားတာ။ အနောက်က ပြန်လှိမ်သွားတဲ့အရှိန်ကို မထိန်းနိုင်တော့ အိမ်ရှေ့မှာ ဆော့နေတဲ့ ကလေးကို တက်ကြိတ်သွားလိုက်တာ" ဟု သူက ဆက်ပြောသည်။

ကားတက်ကြိတ်ခံရသည့်ကလေးငယ်ဟာ ၎င်းနေရာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။ အသက်အရွယ်အားဖြင့် ၃နှစ်သာ ရှိသေးပါသည်။

၎င်းကို မူဆယ်မြို့ လူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကို ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ကားသမားကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူက ထိန်းသိမ်းထားကြောင့် ဒေသခံတစ်ဦးက ဆိုပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့တွင် ကားတစ်စီးဘရိတ်ပေါက်ရာမှ အိမ်ရှေ့ဆော့နေသည့် ကလေးငယ်တစ်ဦးကို ကြိတ်မိပြီး သေဆုံးသွားခဲ့ပါသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်