188

မန်တုံမြို့ မန်စပ်ရွာသား၂ဦး မိုင်းဖောက်ခွဲပစ်ဖို့လုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးဒဏ်ရာပြင်းထန်

ဒေသတွင်းသတင်း / ဒေသတွင်း
08 May 2024

မန်တုံမြို့ မန်စပ်ရွာသား၂ဦး မိုင်းဖောက်ခွဲပစ်ဖို့လုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးဒဏ်ရာပြင်းထန်


မန်တုံ၊ မေလ ၈ ရက်

တအာင်းပြည်သတင်း။


တအာင်းပြည်၊ တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ် မန်စပ်ရွာသား ၂ဦးသည် မိုင်းတစ်လုံးတွေ့ရှိရာဖောက်ခွဲပစ်ဖို့လုပ်ရာမှာ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးဒဏ်ရာပြင်းထန်မှုရရှိသည်။


ဖြစ်စဥ်မှာ မေလ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မန်စပ်ရွာသား ၂ဦးက ရွာ၏ ၂မိုင်အကွာရှိ လမ်းဘေးတစ်နေရာတွင် မိုင်းတစ်လုံးတွေ့ရှိပြီး ရေချောင်းရှိရာသို့ ဖောက်ပစ်ဖို့သွားနေစဥ်ချိန်မှာ အဆိုပါမိုင်းက ပေါက်ကွဲသွားတာဖြစ်ပါသည်။





အဆိုပါ မိုင်းစထိမှန်သွားသည့်ဒေသခံ ၂ဦးသည် အသက် ၁၈ နှစ်အရွယ်ရှိ မိုင်းအိုက်ကွန်းနှင့် မိုင်းနိုင်ထွန်းအောင်တို့ဖြစ်ပြီး မိုင်းနိုင်ထွန်းက မျက်နှာနဲ့လက်တွင်မိုင်းစထိမှန်ကာ မိုင်းအိုက်ကွန်းဆိုသူမှာ ဘယ်ဘက်လက် ကောက်ပျက်ထွက်ဒဏ်ရာအပြင် ဘယ်ခြေထောက်မှာလည်း မိုင်းစထိမှန်ခဲ့ပါသည်။


 မိုင်းနိုင်ထွန်းဆိုသူက ဆေးရုံဆင်းခွင့်ရရှိထားပြီး လက်ရှိမှာ ဒဏ်ရာပြင်းထန်နေတဲ့ မိုင်းအိုက်ကွန်းတစ်ဦးသာ နမ္မတူပြည်သူ့ဆေးရုံမှာတတ်ရောက်ဆေးကုသခံယူနေဆဲ ဖြစ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ် မန်စပ်ရွာသား ၂ဦးသည် မိုင်းတစ်လုံးတွေ့ရှိရာဖောက်ခွဲပစ်ဖို့လုပ်ရာမှာ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးဒဏ်ရာပြင်းထန်မှုရရှိသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်