187

မိုးကုတ်တွင် စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်

ဒေသတွင်းသတင်း / ဒေသတွင်း
08 May 2024

မိုးကုတ်တွင် စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်

နမ့်ဆန်၊  မေလ ၈ ရက်

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ မိုကုတ်မြို့နယ်တွင် မေလ (၄)ရက် ည (၈း၀၀) နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ- ၇၁ က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။




ထိုသို့ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုကဲ့သို့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ဦး ထိခိုက်သေဆုံးမှုမရှိပေ။

လွန်ခဲ့သည့် ၂၀၂၃ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၆)ကြိမ်ပစ်ခတ်ခဲ့ပြီး သုံးဆယ်ကျေးရွာက အသက်(၆၀)အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်။

#PSLF/ TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ မိုကုတ်မြို့နယ်တွင် မေလ (၄)ရက် ည (၈း၀၀) နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ- ၇၁ က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်