182

နောင်အန်းနတ်စင်အနီး ကားတစ်စီး တိမ်းမှောက်၊ ကားအတွင်း လိုက်ပါသည့် လူ ၈ ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
05 May 2024

နောင်အန်းနတ်စင်အနီး ကားတစ်စီး တိမ်းမှောက်၊ ကားအတွင်း လိုက်ပါသည့် လူ ၈ ဦး ထိခိုက်ဒဏ်ရာရ


ကျောက်မဲ၊ မေလ ၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်အုပ်စု၊ နောင်အန်းကျေးရွာ နတ်စင်အနီးတွင် ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။




နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်တွင် မန္တလေးမှ တက်လာသည့် ခရီးသည်တင်ကား တစ်စီးသည် နောင်အန်းကျေးရွာ နတ်စင်အနီးရှိ လယ်ကွင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည်။


ကားတိမ်းမှောက်ဖြစ်ပွားမှုကြောင့် ကားအတွင်းလိုက်ပါလာသည့် လူ (၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ (၈)ဦးအနက် (၂)ဦး ဒဏ်ရာပြင်းထန်နေသည်ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်းထံ သိရသည်။




ကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို နမ့်ခုံးရှမ်းများ ပရဟိတအသင်းများမှ ကျောက်မဲဆေးရုံသို့ ကူညီပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်အုပ်စု၊ နောင်အန်းကျေးရွာ နတ်စင်အနီးတွင် ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်