181

ဆိုင်တောင်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
05 May 2024

ဆိုင်တောင်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်

နမ့်ခမ်း၊ မေလ ၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဆိုင်တောင်ကျေးရွာတွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ပြီး တအာင်းရုံးသုံးစာသင်တန်းဆင်းပွဲကို မေလ ၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။




အခမ်းအနားကို နံနက်(၉း၀၀)နာရီမှ နေ့လယ် (၁၂း၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ဒုဗိုလ်မှူးကြီး တားကောင်းဓါည်း တအာင်းအနုပညာ အကယ်ဒမီကျောင်းတာဝန်ခံ ဗိုလ်ကြီးအိုမ်ဆငါး၊ ဗိုလ်ဂါင်ဒိုင်းမှ ဦးဆောင်ပြီး နမ့်ခမ်းမြို့ တအာင်းစာပေယဥ်ကျေးမှုကော်မတီအပါဝင် TLTA တာဝန်ခံနော;ဇာရ်၊ အုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ ပြည်သူလူထုများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြသည်။





ဤသင်တန်းတွင် တအာင်းရုံးသုံးစာ ခေါင်းစဉ် (၁၀)မျိုးဖြင့် ၄၅ ရက်ကြာ ကျောင်းသူ/သားများကို ဆရာ/မများက သင်ကြားပေးခြင်းဖြစ်သည်။ ၎င်းကို မတ်လ ၂၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး မေလ ၃ ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။





၂၀၂၄ ခုနှစ်တွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTAသည် နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာ ၅ ရွာကို တအာင်းရုံးစာ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဆိုင်တောင်ကျေးရွာတွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ပြီး တအာင်းရုံးသုံးစာသင်တန်းဆင်းပွဲကို မေလ ၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်