180

နမ့်ခမ်းမြို့တွင် PSLF/TNLA စစ်ဦးစီးချုပ် တားဟိုပလန်နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
03 May 2024



နမ့်ခမ်းမြို့တွင် PSLF/TNLA  စစ်ဦးစီးချုပ် တားဟိုပလန်နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲပြုလုပ်

နမ့်ခမ်း၊ မေလ ၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ခန်းမတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် ပြည်သူလူထုများ ယနေ့ မေလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။





အခမ်းအနားကို နံနက် (၉း၀၀) နာရီမှ နေ့လယ် (၁၂း၀၀)နာရီအထိ ပြုလုပ်ခဲ့ပြီး မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်သည်။ ထိုကြောင့်  ပြည်သူလူထုများ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် ဗိုလ်ချုပ် တားဟိုပလန်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


" အသက်သွေးချွေးစွန့်ကာ နမ့်ခမ်းမြို့ကို    တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ နမ့်ခမ်းမြို့က တအာင်းလူမျိုးအပြင် အခြားတိုင်းရင်းသားများလည်းနေထိုင်တဲ့ဒေသတစ်ခုဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးနေထိုင်ပြီး အတူတကွ ကာကွယ်စောင့်ရှောက်ရမယ်" ဟု တားဟိုပလန်က ဆက်ပြောခဲ့သည်။




ထို့လူထုတွေ့ဆုံပွဲသို့ PSLF/TNLA စစ်ဉီးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဌာနဆိုင်ရာများ၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဉက္ကဌ၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံလူထုများ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။




အထွေထွေအတွင်းရေးမှူး (၁) တားအိုမ်တမာဝ်းမှ "အုပ်ချုပ်ထားတဲ့ မြို့ (၇) မြို့မှာ လာမယ် ၂၀၂၄၊၂၀၂၅ ပညာသင်နှစ်သင်ကြားသွားမည်ဖြစ်တယ်။ တအာင်းဒေသထဲ ပညာသင်ကြားရမယ့် ကလေးတွေကို ပညာသင်ကြားဖို့ မိဘတွေကို ပြောချင်ပါတယ်။
အဲအပြင် နမ့်ခမ်းမြို့နယ်မှာ လက်ဖက်လုပ်ငန်းလည်း ပိုမိုအဆင့်မြှင့်သွားစေရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတွေကို အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံပြီး လုပ်ဆောင်သွားမယ်"ဟု ပြောကြားခဲ့သည်။





ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူလူထုများလည်း ၎င်းတို့လိုအပ်ချက်များ ရှင်းလင်းတင်ပြခဲ့ပြီး မရှင်းလင်းသည့်အခန်းကဏ္ဍများအပေါ် အပြန်အလှန်ဆွေးနွေးတင်ပြခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ခန်းမတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် ပြည်သူလူထုများ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်