179

နမ္မတူမြို့နယ်တွင် လေဆင်နှမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၈၀)ကျော် ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
03 May 2024

နမ္မတူမြို့နယ်တွင် လေဆင်နှမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၈၀)ကျော် ပျက်စီး


နမ္မတူ၊ မေလ ၃ ရက်


တအာင်းပြည်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်တွင် လေဆင်နှမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၈၀) ကျော် ပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။





ပြီးခဲ့သည့် မေလ(၁)ရက် နံနက်ပိုင်း(၁၀)နာရီအချိန်တွင် မိုးရွာသွန်းပြီး လေဆင်နှမောင်း (၁၅)မိနစ်ခန့်ကြာ တိုက်ခတ်မှုကြောင့် နမ္မတူ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ စုစုပေါင်း (၈၀)ကျော် ပျက်စီးခဲ့သည်ဟု သတ္တုတွင်းရပ်ကွက် နေထိုင်သူတစ်ဦးက ဆိုသည်။


" အများဆုံး ပျက်စီးတာက ပန်ဟိုက်ရပ်ကွက်နဲ့ သတ္တုတွင်းရပ်ကွက်မှာပေါ့၊ အိမ်ခေါင်မိုးလှန်၊ သစ်ပင်တွေ လှဲကျိုးတာရှိတယ်၊ များများပျက်တာနဲ့ နည်းနည်းပျက်တာ အာလုံး (၈၀)လောက်ရှိမယ်၊ လူထိခိုက်တာတော့ မရှိဘူး" လို့ ဆိုသည်။



လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ပန်ဟိုက်ဘက်ခြမ်း ရပ်ကွက်-၂/၃/၄/၉/၁၀ 

နှင့် သတ္တုတွင်းဘက်ခြမ်း ရပ်ကွက်-၅ /၆/၇ တို့ အများဆုံး ပျက်စီးခဲ့ပြီး ကျန်ရပ်ကွက်တွင်လည်း အိမ်ခေါင်မိုးလှန်၊ အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သည်။




အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ရပ်ကွက်အတွင်းရှိ ပျက်စီးသွားသည့် နေအိမ်များကို နမ္မတူမြို့ PSLF/TNLA၏ စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ လူအင်အား (၂၅)ဦးနှင့် ရပ်မိရပ်ဖများပါ လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့သည်။


ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်နေ့တွင်လည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာတွင် နေအိမ် (၂၀)ကျော် ပျက်စီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်တွင် လေဆင်နှမောင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈၀) ကျော် ပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်