178

PSLF/TNLA ၏မိုးကုတ်တိုက်နယ်အဖွဲ့များက စုပေါင်းပြီး ယိုယွင်းပျက်စီးနေသည့် သစ်ကြိုးတံတားကို ပြန်လည်ပြုပြင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
03 May 2024

PSLF/TNLA ၏မိုးကုတ်တိုက်နယ်အဖွဲ့များက စုပေါင်းပြီး ယိုယွင်းပျက်စီးနေသည့် သစ်ကြိုးတံတားကို ပြန်လည်ပြုပြင်ခဲ့


နမ့်ဆန်၊ မေလ ၂ ရက်


တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ မန်ဘွမ်ရွာနှင့် ဆိုင်လိန်းရွာကြား ဆက်သွယ်ထားသည့် သစ်ကြိုးတံတားကို PSLF/TNLA၏ မိုးကုတ်တိုက်နယ်အဖွဲ့များက စုပေါင်းပြီး ဧပြီလ (၂၅)ရက်နေ့တွင် စတင်ပြန်လည်ပြုပြင်ခဲ့ကြသည်။


ထိုကြိုးတံတားသည် အချိန်ကာလကြာမြင့်ကာ ယိုယွင်းပျက်စီးနေပြီး ပြည်သူများ အသုံးပြုသွားလာရန် အန္တရာယ်နှင့် အခက်ခဲရှိသဖြင့် ယခုလို ပြန်လည်ပြုပြင်ရခြင်းဖြစ်သည်ဟု တိုက်နယ်တစ်ဦးက ပြောသည်။





" အဲတံတားက သစ်တွေနဲ့ ပြုလုပ်ထားတာဆိုတော့ ဟောင်းဆွေ့နေပြီ ဒေသခံတွေ ဆိုင်ကယ်နဲ့ အသုံးပြု သွားလာရတာ အခက်ခဲရှိတယ်" လို့ ဆိုပါသည်။


ပြုပြင်ခဲ့သည့် ကြိုးတံတား၏ အကျယ်မှာ (၅)ပေ၊ အရှည်(၉၆)ပေနှင့် အမြင့်(၆)ရှိပြီး PSLF/TNLA ၏မိုးကုတ်မြို့နယ် တိုက်နယ်အဖွဲ့ (၁)၊ (၂)၊ (၄)တို့က စုပေါင်းပြီး ပြုပြင်ခဲ့ကြသည်။ 






မန်ဘွမ်နှင့် ဆိုင်လိန်းရွာကြား ဆက်သွယ်ထားသည့် သစ်ကြိုးတံတားသည် တောဆန်နှင့် မိုးကုတ်မြို့ထိ စားနပ်ရိက္ခာဝယ်ယူရန် ဒေသခံပြည်သူများ ဆိုင်ကယ်ဖြင့် အသုံးပြုသွားလာနေသည့် ကြိုးတံတားတစ်ခုဖြစ်သည်။






အဆိုပါ ကြိုးတံတားကို မေလ(၁)ရက်နေ့တွင် ပြုပြင်ပြီးစီးခဲ့ကြောင့် ထိုတံတားပြုပြင်ပြီးနောက် ဒေသခံပြည်သူများအနေဖြင့် လွယ်ကူစွာ အသုံးပြုသွားလာပြီဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ မန်ဘွမ်ရွာနှင့် ဆိုင်လိန်းရွာကြား ဆက်သွယ်ထားသည့် သစ်ကြိုးတံတားကို PSLF/TNLA၏ မိုးကုတ်တိုက်နယ်အဖွဲ့များက စုပေါင်းပြီး ဧပြီလ (၂၅)ရက်နေ့တွင် စတင်ပြန်လည်ပြုပြင်ခဲ့ကြသည်။
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်