173

တာလက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာမီးသွားရှို့ချိန် ၎င်းအားမီးဆွဲညှိရာကနေ မီးလောင်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
02 May 2024

တာလက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာမီးသွားရှို့ချိန် ၎င်းအားမီးဆွဲညှိရာကနေ မီးလောင်သေဆုံး


မန်တုံ၊ မေလ ၂ ရက်


တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ်၊ ကုန်းညောင်အုပ်စု၊ တာလက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာမီးရှို့ချိန် ၎င်းအား မီးပြန်ဆွဲညှိရာကနေ မီးလောင်သေဆုံးခဲ့သည်။


ဖြစ်စဥ်မှာ ဧပြီလ(၃၀)ရက်နေ့၊ မွန်းလွှဲ(၂)နာရီခန့်အချိန်တွင် တာလက်ကျေးရွာနေထိုင်သည့် တာကူန်နေနှင့် ဒေသခံရွာများက တောင်ယာစပါးခြံတွင် ခြံရှင်းလင်းရေးအတွက် မီးရှို့သွားခဲ့သည်။


တောင်ယာမီးရှို့ရန် အတူသွားခဲ့သည့် ဒေသခံများက အိမ်ပြန်ရောက်နေပြီး တာကူန်နေဆိုသူသည် ညပိုင်းမိုးချုပ်ထိ အိမ်ပြန်မရောက်တာကြောင့် မိသားစုဝင်များက စိတ်ပူပြီး သွားရောက်ရှာခဲ့သော်လည်း ထိုနေ့တွင် မတွေ့ရှိခဲ့ပါ။




မေလ(၁)ရက်နေ့၊ နံနက်ပိုင်း(၁၀)နာရီအချိန်တွင် ၎င်း၏ မိသားစုဝင်များ၊ PSLF/TNLA မိုင်းဘော်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များက ထပ်မံရှာဖွေခဲ့ရာ တာကူန်နေက တောင်ယာခြံ၏ ချောက်တစ်နေရာတွင် ပြင်းထန်ဒဏ်ရာနှင့် မီးလောင်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။




အညီ(ခေါ်)တာကူန်နေ အသက်(၅၀)နှစ်အရွယ် ဆိုသူသည် တောင်ယာမီးသွားရှို့ချိန်တွင် ၎င်းတို့ ရှို့ထားသည့် မီးက အင်္ကျီပေါ်  မီးပြန်ဆွဲညှိရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ချောက်သို့ပြုတ်ကျ မီးလောင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။




" ခြံရှင်းဖို့ မီးသွားရှို့ကြတာ၊ မီးခိုးငွေ့တွေဘဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မမြင်ရတော့ဘူး။ကြည့်ရတာ သူက မီးရှို့ပြီး မီးက အင်္ကျီကို ပြန်ဆွဲပြီး လောင်တော့ သူထွက်ပြေးရင်း ချောက်ထဲ လှိမ့်ကျတာ" လို့ပြောသည်။


သေဆုံးသွားသည့် တာကူန်နေ အသက်(၅၀)နှစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ PSLF/TNLA မိုင်းဘော်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များက ဘုန်ကြီးပင့်ဖိတ်ပရိတ်ရွတ်ပြီး ညနေပိုင်းတွင် မီးသင်ဂြိုလ်ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ်၊ ကုန်းညောင်အုပ်စု၊ တာလက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာမီးရှို့ချိန် ၎င်းအား မီးပြန်ဆွဲညှိရာကနေ မီးလောင်သေဆုံးခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်