172

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော ရဲဘော်များအား ပြစ်ဒဏ်ချမှတ်

ဒေသတွင်းသတင်း / ဒေသတွင်း
02 May 2024

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော ရဲဘော်များအား ပြစ်ဒဏ်ချမှတ်ခဲ့


တအာင်းပြည်၊ မေလ ၂ရက်


တအာင်းပြည်၊ မွေးနေ့ပွဲပါတီတခုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဉီးPSLF/TNLA မှ တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား အပြစ်ပေးအရေးယူခဲ့သည်။ 


၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလဲရန် နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့သည်။ 




 ၂၀၂၁ခုနှစ်၊ ဇွန်လ (၁၅)ရက်တွင် PSLF/TNLA မှစစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ၄င်းအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့မှောက်တွင် ဖျက်ဆီးခဲ့ပါသည်။ 


ထို့ကြောင့် စစ်ကောင်စီ ဝင််‌ငွေလမ်းကြောင်းကို အားပေးအားမြှောက်သော ထုတ်ကုန်ပစ္စည်းများကို PSLF/TNLA မှ ထုတ်ပြန်ချက်အတိုင်း အရေးယူဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် မေလ (၂)ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (10)ချက်၊ အလုပ်ကြမ်း (၁)လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ပါသည်။  


ထို့ပြင် PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ မွေးနေ့ပွဲပါတီတခုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဉီးPSLF/TNLA မှ တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား အပြစ်ပေးအရေးယူခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်