171

နမ္မတူမြို့ ပုဗ္ဗာရုံကျောင်းတိုက်တွင် တတိယကြိမ်မြောက် ပရိယတ္တိအခြေပြု စာပြန်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
02 May 2024

နမ္မတူမြို့ ပုဗ္ဗာရုံကျောင်းတိုက်တွင် တတိယကြိမ်မြောက် ပရိယတ္တိအခြေပြု စာပြန်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

နမ္မတူ၊ မေလ၊ ၂ ရက်

တအာင်းပြည်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ ပုဗ္ဗာရုံ ပရိယတ္တိရွှေကျင်ကျောင်းတိုက်တွင် တတိယကြိမ်မြောက် ပရိယတ္တိအခြေပြု  စာပြန်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။





အခမ်းအနားတွင် ဧပြီလ(၃၀)ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် နမောတဿ(၃)ကြိမ် ရွတ်ဖတ်ပူဇော် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဘဒ္ဒန္တဣန္ဒဝံသ နာအော်လေး ဆရာတော်ထံမှ (၅)ပါးသီလနှင့် သြဝါဒ တရားနာယူခဲ့ကြသည်။

ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်များမှ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် စာအောင် သံဃာတော်(၉)ပါးနှင့် စာပြန်သံဃာတော်(၁၃)ပါးကို ဂုဏ်ပြုပူဇော်ရန်နှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြခဲ့သည်။





ဆက်လက်ပြီး နာယက စာချဆရာတော် ဦးတိက္ခဥာဏမှ ဂုဏ်ပြုပူဇော်ပွဲနှင့် စာပြန်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆရာတော် အရှင်ဝါသေဋ္ဌ(သစ္စဝေဒဂူ ပဲခူးရိုးမ)မှ အနုမောဒနာ တရားနှင့် ရေစက်သွန်းချအမျှဝေခဲ့ရာ နေ့လည် (၁၁) နာရီခန့်အချိန်တွင် ဗုဒ္ဓသာသနံ ဝီရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဖတ်ပူဇော်ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။





ထိုအခမ်းအနားသို့ နမ္မတူမြို့ရှိ သံဃာတော်များ၊ ဖိတ်ကြားထားသည့် သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း(300)ကျော် တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ ပုဗ္ဗာရုံ ပရိယတ္တိရွှေကျင်ကျောင်းတိုက်တွင် တတိယကြိမ်မြောက် ပရိယတ္တိအခြေပြု စာပြန်ပွဲနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်