169

မူဆယ်မြို့ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူ ၃ ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
29 April 2024

မူဆယ်မြို့ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူ ၃ ဦးထိခိုက်ဒဏ်ရာရ


မူဆယ်၊ ဧပြီလ ၂၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက် လမ်းသွယ် (၂)ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၃)ဦး ထိခိုက်ဒဏ်ရရှိခဲ့ပါသည်။


ဧပြီလ ၂၇ ရက်နေ့ ည (၁၀)နာရီဝန်းကျင်အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုဗုံးပေါက်ကွဲစဥ် ဂိမ်းဆိုင်အတွင်းရှိ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။




ဂိမ်းဆိုင်ရှိ ဂိမ်းစက်များလည်းပျက်ဆီးသွားကာ အခွန်ကိစ္စကြောင့် ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရှိရသေးပေဟု ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါမူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပေါင်းစုံနေထိုင်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ မူဆယ်မြို့နယ်သည် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးပေါများပါသည်။ ထို့အပြင် မကြာခဏဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှု မကြာခဏဖြစ်ပွားနေသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်မြို့ ဂိမ်းဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူ ၃ ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်