168

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
29 April 2024

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ


နမ့်ဆန်၊ ဧပြီလ ၂၉ ရက်

တအာင်းပြည်သတင်း


နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးနှင့် အမျိုးသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။


အုမ္မတီးနှင့် တန်ဘိုကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်မှ ပြည်သူလူထုအား ဦးတည်ကာ သုံးဆယ်ကျေးရွာသို့ လက် နက်ကြီးများဖြင့်ဧပြီလ(၂၇)နေ့က (၃)ကြိမ် နှင့် ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့တွင် (၃)ကြိမ် စုစုပေါင်း (၆)ကြိမ် ပစ်ခတ်ခဲ့သည်။




အဆိုပါ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာရှိ ပြည်သူနေအိမ်(၂)လုံးနှင့် အသက် (၆၀)နှစ်အရွယ် အမျိုးသမီး(၁)ဦး၏ မျက်နှာနှင့် လက်ကို ထိမှန် ဒဏ်ရာရရှိခဲ့သည်။




ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင်လည်း စစ်ကောင်တပ်မှ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာသို့ Jet Fighter လေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။



နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေယာဥ်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လျှက်ရှိနေသည်။




ထို့ပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်အသုံး အဆောင် ပစ္စည်းများနှင့် ၎င်းတို့လူအင်အား အများအပြားဖြည့်တင်းနေပြီး သွားလာသည့် ဒေသခံပြည်သူများကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်