167

ကွမ်ဟယ်ကျေးရွာတွင်ညီအစ်ကိုချင်း အချင်းများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
26 April 2024

ကွမ်ဟယ်ကျေးရွာတွင်ညီအစ်ကိုချင်း အချင်းများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား


နမ့်ဆန် ၊ ဧပြီလ ၂၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည် (၁၁း၀၀)နာရီအချိန်တွင် ညီအစ်ကို ချင်း အချင်းများရာမှ ဓာခုတ်မှုဖြစ်ပွားခဲ့သည်။




ဖြစ်စဥ်မှာ အသက် (၃၇)နှစ်ရှိ မိုင်ကျော်လေးသည် စွံ့အဝေဒနာသည်တစ်ဦးဖြစ်ပြီး အိမ်လုပ်ငန်းများလုပ်ကိုင်နေရခြင်း၊ နေ့စဥ်ဖက်လက်ခူးနေရသော်လည်း ၎င်သုံးစွဲရန် ပိုက်ဆံပေးသုံးခြင်းမရှိသောကြောင့် ၎င်း၏အစ်ကိုဖြစ်သူနှင့် အချင်းများရာမှ နေအိမ်ရောက်ချိန်တွင် ဒေါသဖြင့်ဓားယူကာ ၎င်း၏အစ်ကိုဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့သည်။


၎င်း၏အစ်ကိုဖြစ်သူ အသက်(၄၀)ဝန်းကျင်ရှိ မိုင်းဇော်ဝင်းနိုင်သည် ဦးခေါင်းပြတ်ရှဒဏ်ရာရှိပြီး ကွမ်ဟယ်ဆေးခန်းတွင် ခြောက်ချက်ချုပ်ခဲ့ရသည်။


ထိုဖြစ်စဥ်ဖြစ်ပွားစဥ် PSLF/TNLA အုပ်ချုပ်ရေးဌာနသို့ တိုင်တန်းလာသဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခေါ်ဆောင်သွားကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။


ပြစ်မှုကျူးလွန်သူ မိုင်းကျော်လေးသည် ယခင်က ၎င်အစ်ကို၏ အမျိုးသမီးဖြစ်သူအား ဓားဖြင့်ခုတ်ရန် အကြိမ်ကြိမ်ကြံရွယ်ခဲ့ဖူးသည်ဟု သိရသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည် (၁၁း၀၀)နာရီအချိန်တွင် ညီအစ်ကို ချင်း အချင်းများရာမှ ဓာခုတ်မှုဖြစ်ပွားခဲ့သည်။
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်