163

ကွတ်ခိုင်တွင် တတိယအကြိမ်မြောက် ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်းကို TLEC မှ ဦးဆောင်ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
24 April 2024

ကွတ်ခိုင်တွင် တတိယအကြိမ်မြောက် ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်းကို TLEC မှ ဦးဆောင်ဖွင့်လှစ်


ကွတ်ခိုင် ၊  ဧပြီလ ၂၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ကွတ်ခိုင်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) ဦးဆောင်ပြီး ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။





သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို PSLF/TNLA၏ သံလွင်ခရိုင်မှူး၊ မြို့နယ်မှူး၊ ရဲမှူး၊ တအာင်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ပညာရေးအဖွဲ့အသီးသီးမှ ဆရာ/ဆရာမများ နှင့် သင်တန်းသူ/သင်တန်းသားများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။


သင်တန်းကာလ ရက် (၃၀)အတွင်း အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြသည့် သင်တန်းသူ/သင်တန်းသား ၂၀၀ ကျော်ကို တစ်လအတွင်း CDM ဆရာ/ဆရာမများက ဘာသာရပ်ပေါင်းစုံ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။




TLECတာဝန်ရှိသူ တစ်ဦးက" အခုသင်တန်းသူ/သင်တန်းသားတွေကို လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တအာင်းပြည် ရဲ့ နေရာဒေသအသီးသီးတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်စေမှာပါ " ဟုပြောသည်။





"အဓိကတော့ သူတို့သင်ကြားရေးပိုင်းမှာ စနစ်တကျဖြစ်ဖို့၊ ထိထိရောက်ရောက် ပြန်လည်သင်ကြားပေးနိုင်ဖို့နှင့် သင်ကြားရေးပိုင်းမှာလွယ်ကူဖို့ကို ရည်ရွယ်ပြီး စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ရတာဖြစ်တယ်"ဟု ၎င်းက ဆက်ဆိုသည်။





မူလတန်းပြ၊ မူအုပ်နှင့်အလယ်တန်းပြအဆင့် ဆရာ/ဆရာမများ အဓိကတက်ရောက်ကြတာဖြစ်ပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်း၊ ၁၀၅ မိုင်က ဆရာ/ဆရာမများ ဖြစ်ကြပါသည်။






TLEC မှ ယခု ဖွင့်လှစ်သည့် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်းကို TNLA အုပ်ချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊မိုင်း‌ငေါ့နှင့် မိုင်းလုံမြို့တို့မှာလည်း ဖွင့်လှစ်ခဲ့သည်။





ပြီးခဲ့သည့် မတ်လ (၈)ရက်နေ့က TLEC မှ ကြီးမှူးကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းဝေးတွင် ယခုလာမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တအာင်းပြည်ရှိ ကျောင်းပေါင်း(၅၀၀)ကျော် ဖွင့်လှစ်သင်ကြားသွားမည်ဟု ထုတ်ပြန်ထားပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ကွတ်ခိုင်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) ဦးဆောင်ပြီး ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်