162

မိုင်းငေါ့မြို့နယ်တွင် TNLA အုပ်ချုပ်ပြီးနောက်ပိုင်း မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ရာခိုင်နှုန်းကင်းစင်

ဒေသတွင်းသတင်း / ဒေသတွင်း
24 April 2024

မိုင်းငေါ့မြို့နယ်တွင် TNLA အုပ်ချုပ်ပြီးနောက်ပိုင်း မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ရာခိုင်နှုန်းကင်းစင်


မိုင်းငေါ့၊ ဧပြီလ ၂၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့နယ်အတွင်း PSLF/TNLA အုပ်ချုပ်ထားပြီးနောက် မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ရာခိုင်နှုန်းကင်းစင်‌နေပြီဟု ဒေသခံများက ဆိုပါသည်။



မိုင်းငေါ့မြို့နယ်တွင် တအာင်းတပ်မတော် TNLA အုပ်ချုပ်ပြီး (၂)လအတွင်းမှာ မူယစ်ဆေးဝါး ရောင်းဝယ်သူနှင့် သုံးစွဲသူ ၉၀ရာခိုင်နှုန်း ကင်းစင်သွားပြီဟု မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါသည်။


"အခုတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတော့ မကြားရတော့ဘူး ၊  မြို့ထဲ သတင်းကြားတာနဲ့ TNLAက ခေါ်ပြီး စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးချုပ်နှောင်တာဆိုတော့  အရင်လို မတွေ့ရတော့ဘူး" လို့ ဆိုပါသည်။


မိုင်းငေါ့မြို့နယ်သည် အရင်က ဘုရားပွဲနှင့် ရိုးရာဓလေ့ပွဲ ကျင်းပပြုလုပ်သည့်အခါတွင် မူးယစ်ဆေးဝါးအပြင် လောင်းကစားဝိုင်းများလည်း စည်းစည်းကားကား ကျင်းပပြုလုပ်လေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။




" အရင်တုန်းကဆို ပွဲတွေဘာတွေရှိရင် မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ လောင်းကစားဝိုင်းက မပါမဖြစ်၊ စျေးပွဲတန်းလိုပဲ ပေါထင်လုပ်နေကြတယ် ဘယ်သူမှ အရေးယူတာ မရှိဘူး"လို့  ဆိုသည်။


ပြီးခဲ့သည့် မတ်လတွင် မိုင်းငေါ့မြို့နယ်အတွင်း မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၅)ဦးကျို မိုင်းငေါ့မြို့နယ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားပြီး မူယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားသည်။


ဖမ်းဆီးချုပ်နှောင် ထားသူ(၅)ဦးဖြစ်ပြီး ၎င်းတို့ကို (၃)လအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ပေးပြီးမှ နောက်နောင် မူးယစ်ဆေးမသုံးစွဲရန် ဝန်ခံကတိဖြင့် ပြန်လွှတ်ပေးသွားမည်ဟု မိုင်းငေါ့မြို့နယ်ရဲမှူးက ပြောသည်။





တအာင်းတပ်မတော် TNLA အုပ်ချုပ်သည့် မိုင်းငေါ့မြို့နယ်အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့နယ်တို့မှာလည်း ဘိန်းစိုက်ပျိုးခြင်း၊ မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်း နှင့် ပတ်သက်ပြီး TNLAတာဝန်ရှိသူများက လိုက်လံတိုက်ဖျက် အရေးယူ ဆောင်ရွက်လျှက်ရှိနေသည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့နယ်အတွင်း PSLF/TNLA အုပ်ချုပ်ထားပြီးနောက် မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၉၀ရာခိုင်နှုန်းကင်းစင်‌နေပြီဟု ဒေသခံများက ဆိုပါသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်