159

နမ့်ဆန်မြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်

ဒေသတွင်းသတင်း / ဒေသတွင်း
23 April 2024

နမ့်ဆန်မြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်

နမ့်ဆန်၊ ဧပြီလ ၂၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်တွင် အမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ထွက် သွားခဲ့သည်။

ဖြစ်စဥ်မှာ ယမန်နေ့  ဧပြီလ  (၂၂)ရက်နေ့ ညနေ (၁း၀၀)နာရီအချိန်တွင် အသက် ၂၀ အရွယ်ရှိ မောင်ကျော်ဇင်ဟိန်းဆိုသူသည် နမ့်ဆန်မြို့ ယခင်စစ်တပ်ကုန်းဟောင်းအနီး ငှက်ပစ်သွားရာမှ စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ထွက်ခဲ့ပြီး လက်ရှိနမ့်ဆန်ဆေးရုံးတွင် ဆေးဝါးကုသနေပါသည်။






မိုင်းနင်းမိခဲ့သူသည် လားရှိူးမြို့ ရပ်ကွက်(၁၂)တွင် နေထိုင်သူဖြစ်ပြီး နမ့်ဆန်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်သူဖြစ်သည်။






ဧပြီလအတွင်း  နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီထောင်ထားသည့်မိုင်းများအား တအာင်းတပ်မတော် PSLF/TNLA ၏ မိုင်းရှင်းလင်းရေးအဖွဲ့က မြေမြှုပ်မိုင်း(၄၁) လုံး၊ ပေါင် (၃၀၀) တစ်လုံးနှင့် ပေါင် (၅၀၀)တစ်လုံး ရှင်းလင်းခဲ့ပြီဖြစ်သည်။






ယခု မိုင်းပေါက်ကွဲသည့်နေရာသည် ချုံပင်များထူထပ်မှုကြောင့် မိုင်းရှင်းလင်းရေးဆောင်ရွက်ရန် ခက်ခဲသဖြင့် မိုင်းရှင်းလင်းမှုမပြုလုပ်ရသေးပေ။ သို့သော် ထိုနေရာအား မိုင်းအန္တရာယ်ရှိသည့် ဧရိယာဖြစ်ကြောင်း သတိပေးစာကပ်ထားသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်တွင် အမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ထွက် သွားခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်