158

မိုင်းငေါ့မြို့နယ်တွင် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဉ်(၃) ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
23 April 2024

မိုင်းငေါ့မြို့နယ်တွင် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဉ်(၃) ဖွင့်လှစ်

မိုင်းငေါ့၊ ဧပြီလ ၂၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် TLEC မှ နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဉ်(၃)ကို ယမန်နေ့ ဧပြီလ (၂၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။





သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မိုင်းငေါ့မြို့နယ် တာလုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ဝင်းမှ အဖွင့်အမှာ စကားပြောကြားပြီးနောက် တရားဥပဒေစိုးမိုးရေးဌာနမှူး မိုင်းလှာညိူဝ်းနှင့် မိုင်းငေါ့မြို့နယ် အုပ်ချုပ်ရေးမှူး မိုင်းဘီရ်ခြိူဝ်းတို့က တက်ရောက်လာသည့် ဆရာ/ဆရာမများကို အားပေးစကား ပြောကြားခဲ့သည်။






ထို့နောက် တအာင်းပြည် ပညာရေးကောင်စီ -TLEC မိုင်းငေါ့မြို့နယ်ပညာရေးမှူး ဒေါ်သီတာအေးမှ စွမ်းရည်မြင့် သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးများကိုလည်း ကျော်သားရင်သားမခွဲခြားဘဲ သင်ကြားပေးရန်၊ ကလေးများကို စာလည်းသင် လူလည်းပြင် စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။






TLECမှ ဖွင့်လှစ်သည့် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်းအား ဧပြီလ(၂၂)ရက်နေ့မှ လာမည့် မေလ(၂၂)ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းဆရာ/မများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့သည်။






အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မိုင်းငေါ့မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်ကြားရေး ဆရာ/ဆရာမများ၊ သင်တန်းတက်ရောက်မည့် ဆရာ/မများ စုစုပေါင်း(၂၀၀)ဦးကျော် တက်ရောက်ခဲ့သည်။

TLEC မှ ယခု ဖွင့်လှစ်သည့် နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်းကို TNLA အုပ်ချုပ်ထားသည့် မိုင်းငေါ့မြို့နယ်အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံနှင့် မိုင်းလုံမြို့တို့မှာလည်း ဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၈)ရက်နေ့က TLEC မှ ကြီးမှူးကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းဝေးတွင် ယခုလာမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တအာင်းပြည်ရှိ ကျောင်းပေါင်း(၅၀၀)ကျော် ဖွင့်လှစ်သင်ကြားသွားမည်ဟု ထုတ်ပြန်ထားပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် TLEC မှ နွေရာသီ ဆရာ/ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဥ်(၃)ကို ယမန်နေ့ ဧပြီလ (၂၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်