156

မူဆယ်မြို့တွင် အမျိုးသားတစ်ဦး ထပ်မံဓားခုတ်ခံရ၊ နှစ်ရက်အတွင်း ဓားခုတ်ခံရမှု နှစ်ခုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
23 April 2024

မူဆယ်မြို့တွင် အမျိုးသားတစ်ဦး ထပ်မံဓားခုတ်ခံရ၊ နှစ်ရက်အတွင်း ဓားခုတ်ခံရမှု နှစ်ခုဖြစ်ပွား 


မူဆယ်၊ ဧပြီလ ၂၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့တွင် ဧပြီလ ၂၁ရက်နေ့က အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး နှစ်ရက်အတွင်း ဓားခုတ်ခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။


ဖြစ်စဉ်တွင် ယမန်နေ့ နေ့လယ် (၂း၀၀) အချိန်တွင် မူဆယ်မြို့ ဆင်ဖြူစျေးအနီးတွင် နောက်ကျောဓားခုတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးနေပါသည်။




"ဟိုတစ်နေ့က ဓားခုတ်ခံရတဲ့တစ်ယောက်က ဆေးရုံကနေ ဆင်းသွားပြီ ။ မနေ့က ခုတ်ခံရတဲ့တစ်ယောက်တော့ သေသွားပြီ"လို့ သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောပါသည်။


ဧပြီလ ၂၀ ရက်နေ့ကလည်း ဟိုနားရပ်ကွက် ရေဆေးဆီလိုက်အနီးတွင် အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ၎င်းသူငယ်ချင်းနှင့်စကားများပြီး အချင်းချင်းရန်ဖြစ်ရာကနေ ၎င်း၏ဘယ်ဘက်ဝမ်းဗိုက်ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။





မူဆယ်မြို့သည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပေါင်းစုံ​ရှိနေပြီး လောင်းကစားများ ပေါများသောကြောင့် မကြာခဏ ခိုးယှက်မှု၊ ဓားပြတိုက်မှုနှင့် ဓားခုတ်ခံရမှုပေါများသည့် မြို့တစ်မြို့လည်း ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့တွင် ဧပြီလ ၂၁ရက်နေ့က အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး နှစ်ရက်အတွင်း ဓားခုတ်ခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်