150

မူဆယ်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
22 April 2024

မူဆယ်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီးသေဆုံး

မူဆယ်၊ ဧပြီ ၂၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မူဆယ်မြို့နယ်၊ မူဆယ်မြို့တွင် လူတစ်စုရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။




ယမန်နေ့ ဧပြီလ (၁၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဟိုနားရပ်ကွက် ရေဆေးဆီလိုက်အလုပ်ရုံအနီးတွင် အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ၎င်းသူငယ်ချင်းနှင့်အချင်းများပြီး အချင်းချင်းရန်ဖြစ်ရာမှ ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။


ဖြစ်စဥ်နေရာကို သွားရောက်ကူညီပေးခဲ့သည့် နှလုံးလှပရဟိတအသင်း တာဝန်ရှိသူတစ်ဦးမှ "သူက  ဓားထိုးခံရပြီးတော့ လဲလိုက်ထပြေးလိုက်နဲ့ သူများတွေ့လို့ ရုံးကို အကြောင်းကြားလာတော့ သွား ရောက်ကူညီပေးခဲ့တယ်။ ဆေးရုံရောက်ပြီး (၁၀)မိနစ်အတွင်း သေဆုံးသွားတယ်"ဟု ပြောပါသည်။




အဆိုပါ သေဆုံးသွားတဲ့သူသည် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်ပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မူဆယ်မြို့နယ်၊ မူဆယ်မြို့တွင် လူတစ်စုရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်