148

နမ့်ခမ်းမြို့ စုပေါင်းရုံးလမ်းတွင် ကာနှစ်စီး ယာဥ်တိုက်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
20 April 2024

နမ့်ခမ်းမြို့ စုပေါင်းရုံးလမ်းတွင် ကာနှစ်စီး ယာဥ်တိုက်မှုဖြစ်ပွား


နမ့်ခမ်း၊ ဧပြီလ ၂၀ ရက်နေ့

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့၊ စာရေးတန်းရပ်ကွက်၊ စုပေါင်းရုံးလမ်း၊ ဧည့်ရိပ်သာလမ်းခွဲတွင် ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။




ဖြစ်စဥ်တွင် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် LANDCRUISER နှင့် ALPHARD ကား တို့ ဧည့်ရိပ်သာလမ်းဆုံတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။


ဧည့်ရိပ်သာလမ်းအတိုင်း မောင်းနှင်လာသည့်ကားကို စုပေါင်းစုံလမ်းက လာသည့်ကားက ဝင်တိုက်ခဲ့ပြီး LANDCRUISER ကား နောက်ဘက်ခြမ်းထိကာ ကားဘီးပေါက်သွားခဲ့ကာ တိမ်းမှောက်ခဲ့သည်။


ယခုချိန်တွင် နမ့်ခမ်းမြို့နယ် ရဲမှူး ဗိုလ်နောရှိုန်းက ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့်နေရာကို လာရောက်ကြည့်ရှူစစ်ဆေးကာ သတ်မှတ်ထားသည့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့ စုပေါင်းရုံးလမ်းတွင် ကာနှစ်စီး ယာဥ်တိုက်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်