143

PSLF/TNLA ၏ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး

ဒေသတွင်းသတင်း / ဒေသတွင်း
11 April 2024

PSLF/TNLA ၏ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး

နမ့်ခမ်း၊ ဧပြီလ ၁၀ ရက်
တအာင်းပြည်နယ်

တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနတို့ ယနေ့ တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားကို နမ့်ခမ်းမြို့ခန်းမတွင် နံနက် (၉း၃၀)နာရီခွဲမှ (၁၂း၀၀)နာရီအထိ ပြုလုပ်ကျင်းခဲ့ပြီး မြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဗိုလ်စကိုင်းနှင့် စည်ပင်သာယာရေးဌာနမှ တားလိုမ်ဆန်းသစ်တို့က နမ့်ခမ်းမြို့၏ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။





တအာင်းပြည်အတွင်း ပြည်သူများ၏ ဘဝလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိပြီး အများကြည်ညိုလေးစားသည့် သြဇာတိက္ကမရှိသူများကို မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ရပါသည်။






ထိုနောက် နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းမှ နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများ၊ မြို့ပြန်လည်ထူထောင်ရေးကိစ္စများနှင့် မြို့သာယာရေးစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကကြည့်ကြပ်ပြီး လုပ်ရမည်တာဝန်ရှိကြောင်း၊  ရပ်ကွက်အလိုက် ရေးမြောင်ကိုရှင်းလင်းခြင်း၊ ခြုံပင်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ပျက်စီနေသည့်လမ်းများပြန်ပြုပြင်ပေးခြင်းနှင့်ပတ်သက်ပြီး တက်ရောက်လာကြသည့် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများသိရှိအောင်  ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းအခမ်းအနားကို နမ့်ခမ်းမြို့နယ် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၃၀) ကျော် တက်ရောက်ခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA ၏ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်