140

နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
11 April 2024

နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး 


မုံးစီး၊ ဧပြီ ၁၁ ရက်

တအာင်းပြည်


တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ မုံးစီးမြို့နယ်၊ နမ့်နင်ချောင်းအတွင်း ၈ ရက်နေ့တွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


သေဆုံးသူမှာ ဦးအိုက်မင် အသက် ၃၂ နှစ် ကောင်းနိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပါသည်။ 


ဦးအိုက်မင်နှင့် ငါးမိုင်းခွဲရန်လိုက်သွားခဲ့သူတစ်ဦးက " ကျွန်တော်တို့ ၆ ယောက်သွားတာ အိုက်မင်က စကစ သုံးတဲ့လက်ပစ်ဗုံးကို  စနက်တံဖြုတ်တဲ့အချိန်မှာပဲ ပေါက်သွားတာ"ဟု ပြောသည်။


မိုင်းကြောင့် ၎င်း၏ လက်တစ်ဖက်ပြတ်ပြီး ထိုနေရာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ၎င်းသူငယ်ချင်းတစ်ယောက်လည်း ဗုံးစ အနည်းငယ်ထိမှန်ခဲ့ပြီး တာမိုးညဲ ဆေးရုံတွင် ဆေးကုသခံယူနေသည်။


၎င်းရုပ်အလောင်းကို PSLF/TNLA မုံးစီးမြို့နယ်တာဝန်ရှိသူများနှင့် ရွာသူ/သားများက နမ့်နင်ချောင်းအနီးတွင် မီးသင်ဂြိုလ်ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်