138

တအာင်းပညာရေး အကယ်ဒမီ (TEA) ကျောင်းဆင်းပွဲ ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
11 April 2024

တအာင်းပညာရေး အကယ်ဒမီ (TEA) ကျောင်းဆင်းပွဲ ကျင်းပပြီးစီး


နမ့်ဆန်၊ ဧပြီ ၁၁ ရက်


တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ နမ့်ဆန်မြို့နယ်၊ တအာင်းပညာရေးအကယ်ဒမီကျောင်းတွင်  ဧပြီလ (၇)ရက်နေ့တွင်က တအာင်းပညာရေးအကယ်ဒမီ(TEA) ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။







အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်နှင့် ကျောင်းသူ/သားများ ဒေသခံပြည်သူလူထုများ စုစုပေါင်း လူဦးရေ(၄၀၀)ကျော် တက်ရောက်ခဲ့ကြသည်။






TEA ကျောင်းတွင် ကျောင်းသူ(၉၃)ဦး၊ ကျောင်းသား(၂၇) စုစုပေါင်း(၁၂၀)ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီး ကျောင်းကာလ (1)နှစ်နီးပါးကြာမြင့်ခဲ့သည်။







ထိုကျောင်းမှ ထွက်ရှိလာသည့် ကျောင်းသူ/သားများသည် တအာင်းပြည်နယ်အတွင်း ဖွင့်လှစ်နေသည့် TLEC ကျောင်းများတွင် ဆရာ/ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။






ယခုဖွင့်လှစ်ခဲ့သည့် တအာင်းပညာရေးအကယ်ဒမီကျောင်းသည် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအသုတ်အား လာမည့်ဇွန်လ(၁)ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်လွှာများ ဖြန့်ဝေထားပြီဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေး အကယ်ဒမီ (TEA) ကျောင်းဆင်းပွဲတွင် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များမှ ဆရာ/မလောင်းများအား အားပေးစကားပြောကြား
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်