132

PSLF/TNLA၏ မိုင်းငေါ့မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးမှု ပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
09 April 2024

PSLF/TNLA၏ မိုင်းငေါ့မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးမှု ပြုလုပ် 


မိုင်းငေါ့၊ ဧပြီလ ၉ ရက်



တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့နယ်မှ PSLF/TNLA၏ ဌာနဆိုင်ရာများက ဒေသခံရပ်မိရပ်ဖများနှင့် ယမန်နေ့ ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးပွဲပြုလုပ်ခဲ့သည်။ 





တွေ့ဆုံပွဲတွင် မိုင်းငေါ့မြို့နယ်ရဲမှူး ဗီုလ်ကြီး လှာ,ညိုဝ်းက တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် စပ်လျဥ်း၍လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ် မာည်ဘီရ်ခြိုဝ်းက မိမိတို့ အုပ်ချုပ်နယ်မြေအတွင်း ရှမ်းပြည်တိုးတတ်ရေးပါတီ- sspp၏ အခွန်ကောက်ခံခြင်းအပါအဝင် တပ်သားသစ် အတင်းအဓ္ဓမစုဆောင်းနေခြင်းအပေါ် ပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ အဖြေရှာဖြေရှင်းသွားမည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး မိမိဌာန၏ လုပ်ငန်းတာဝန်နှင့် ပတ်သက်ပြီး မိတ်ဆက်ပြောကြား ဆွေးနွေးခဲ့ကြသည်။ 


ဆက်လက်ပြီး လာမည့် ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း မိုင်းငေါ့မြို့နယ်အတွင်းရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် TLEC က ဖွင့်လှစ်မည့် ပညာရေးသင်တန်းကို ဖြစ်မြောက်အောင်မြင်စေရန် တက်ရောက်လာကြသည့် အုပ်ချုပ်ရေးမှူးများကို ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခဲ့ကြသည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ PSLF/TNLA၏ မိုင်းငေါ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း(၄၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။ 


PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA၏ မိုင်းငေါ့မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးမှု ပြုလုပ်
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်