131

မုံးစီးတွင် မီးခြစ်ဆော့ရာမှနေအိပ်တစ်လုံးမီးလောင် ပြာကျ

ဒေသတွင်းသတင်း / ဒေသတွင်း
09 April 2024

မုံးစီးတွင် မီးခြစ်ဆော့ရာမှနေအိပ်တစ်လုံးမီးလောင် ပြာကျ


မုံးစီး၊ဧပြီ ၉ ရက်


တအာင်းပြည်နယ်၊တပ်မဟာ (၅)စစ်ဒေသ၊ မုံးစီးမြို့နယ်၊ ဟိုပုံအုပ်စု၊ ပိန်းလုံကျေးရွာတွင် ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ  နေတစ်လုံးမီးလောင်​ပြာကျခဲ့သည်။





လူကြီးများ အလုပ်သွားချိန် အိမ်တွင်ကျန်ခဲ့သည့် ၃ နှစ်အရွယ်ကလေးငယ်က မီးခြစ်ကိုဆော့ရာမှ နေအိမ်အား မီးစွဲလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။ လူထိခိုက်မှုမရှိသော်လည်း အဆိုပါနေအိမ်သည် သွပ်မိုး၊ ထရံအိမ်ဖြစ်သောကြောင့် မိနစ်ပိုင်းအတွင်း ပြာကျခဲ့သည်။


နေအိမ်၏ ဆုံးရှုံးမှုတန်ဖိုးသည် ၂၅ သိန်းခန့်ရှိရှိပြီး နေအိမ်ပြန်လည်ဆောက်လုပ်ရန်အတွက် ငွေကြေးအခဲအခက်ရှိနေသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မုံးစီးတွင် မီးခြစ်ဆော့ရာမှနေအိပ်တစ်လုံးမီးလောင် ပြာကျ
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်