127

နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
09 April 2024

နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်


နမ့်ခမ်း၊ ဧပြီလ ၉ ရက်

တအာင်းပြည်နယ်


တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဖဒဲန်အုပ်စု၊ ဖဒဲန်ကျေးရွာတွင် တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ပြီးဧပြီလ( ၁) ရက်နေ့တွင် တအာင်းရုံးသုံးစာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားကို နံနက်( ၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်မှူးကြီး တားလော်ည်လာဝ်၊ တအာင်းအကယ်ဒမီကျောင်းတာဝန်ခံ(TAA) ဗိုလ်ကြီး အိုမ်ဆငါး၊ ဗိုလ်ဂါင်ဒိုင်း၊ စာပေယဥ်ကျေးမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ TLAT တာဝန်ခံနှင့် ဆရာမများ၊ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်း (၁၂၆)ဦး တက်ရောက်ခဲ့သည်။


"တအာင်းလူမျိုးတိုင်း မိမိတအာင်းစာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးတက်လာစေရန် ၊ တအာင်းပြည်နယ်ရှိတဲ့ တအာင်းလူမျိုးတို့ ရုံးသုံးစာတတ်မြောက်စေနိုင်ရန်၊ တအာင်းစာပေ များများထုတ်နိုင်ပြီး နောင်လာမယ့် လူငယ်များအတွက် ဖတ်ရှု့နိုင်ရန်၊ တအာင်းပြည်နယ်ရှိတဲ့ ကျေးရွာတိုင်းကို သင်တန်းပေးနိုင်အောင်၊ တအာင်းပြည်နယ်ရှိ တအာင်းလူမျိုးတိုင်း တအာင်းစာ ရေးတတ် ဖတ်တတ် ပြောတတ် ဆိုတတ်လာအောင် "ရည်ရွယ်ပါသည်။


ဤသင်တန်းတွင် တအာင်းရုံးသုံးစာ ခေါင်းစဉ် (၁၀)မျိုးဖြင့် တစ်ရက် ၆ နာရီသင်ကြားပေးသွားမည်ဖြစ်ကြောင့် သိရပါသည်။ သင်တန်းကာလက ၄၅ ရက် ကြာသွားမည်ဖြစ်သည်။


အဆိုပါ တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA သည် ၂၀၂၃ ခုနှစ်တွင် တအာင်းရုံးသုံးစာသင်တန်းကို ၅ကြိမ် ဖွင့်လှစ်နိုင်ပြီး ၂၀၂၄ ခုနှစ်တွင် (၅) ကြိမ်စုစုပေါင်း (၁၁)ကြိမ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာတွင် TLTA အဖွဲ့မှ တအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်