126

နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း
09 April 2024

နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ


နမ့်ခမ်း၊ ဧပြီလ ၉ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာပြည်သူလူထုများနှင့် ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတို့ ယမန်နေ့  ဧပြီလ ( ၁) ရက်နေ့တွင် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။



အခမ်းအနားကို နမ့်ခမ်းမြို့ခန်းမတွင် နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ပြုလုပ်ကျင်းခဲ့ပြီး မြိုနယ်မှူး ဗိုလ်ကြီး တောင်တန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် အထွေထွေအုပ်ချုပ်ရေးဌာန ဗိုလ်စကိုင်းမှ တအာင်းပြည်နယ်အတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။



ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ ရွေးချယ်ခြင်းကိစ္စ၊ ကလေးသူငယ်များ၏ ပညာရေး၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မိုင်းအန္ဒရာယ်အသိပေးခြင်းနှင့် ဒေသဖွံဖြိုးရေးကိစ္စ စသည့်အကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြသည်။



ထိုနောက် PSLF/TNLA၏ အထွေထွေအတွင်းရေမှူးဗိုလ်ကြီး တောင်တန်းမှ နမ့်ခမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးကိစ္စများနှင့် ပတ်သက်ပြီး တက်ရောက်လာကြသည့်ပြည်သူလူထုများသိရှိအောင်  ရှင်းလင်းပြောကြားခဲ့ပါသည်။



၎င်းအခမ်းအနားကို နမ့်ခမ်းမြို့နယ် ကျေးရွာအတွင်းရှိ ကျေးရွာ (၅၀)ရွာက ကျေးရွာဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများနှင့်  PSLF/TNLA တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၁၂၀) ကျော် တက်ရောက်ခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်