125

နမ်ဆန်မြို့နယ်အတွင်း ပျက်စီးနေသည့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ခင်းကျင်း

ဒေသတွင်းသတင်း / ဒေသတွင်း
09 April 2024

နမ်ဆန်မြို့နယ်အတွင်း ပျက်စီးနေသည့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ခင်းကျင်း 


နမ့်ဆန် ၊ ဧပြီလ (၉) ရက် 


တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ပျက်စီးနေသည့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဒေသခံလူထုများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် မတ်လ(၁၂)ရက်နေ့မှ စတင်ကာ ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ခင်းကျင်း လျက်ရှိသည်။ 





အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည်အထက်မန်လွယ်၊ အောက်မန်လွယ်၊ အထက်တောင်ကျော်၊ အောက်တောင်ကျော်၊ ငွန်ဆိုင်းနှင့် လွယ်ခမ်းကျေးရွာမှတဆင့် မန်စံနှင့် လားရှိူးမြို့သို့ အဓိက သွားလာနေသည့် လမ်းမကြီးဖြစ်သည်။ 


ယခုအခါ သွား/လာအသုံးပြုနေသည့် ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ဒေသခံလူထုများက ကွန်ကရစ်လမ်းအဖြစ် တိုးမြှင့်ခင်းကျင်းလိုက်ပြီဖြစ်ရာ ယခင်ကထက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ 





ယင်း ကွန်ကရစ်လမ်းသည် ဒေသခံ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၆၀၀)ကျော်အပြင် ဒေသခံလူထုများ၏ စုပေါင်းလုပ်အားဒါနဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အကျယ် (၁၀)ပေနှင့် အရှည်ပေ(၂၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။ 


PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ်ဆန်မြို့နယ်အတွင်း ပျက်စီးနေသည့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ခင်းကျင်း
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်