105

နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောကြား

ဒေသတွင်းသတင်း / ဒေသတွင်း
28 March 2024

နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောကြား

နမ့်ဆန်၊ မတ်လ ၂၇ ရက်
တအာင်းပြည်နယ်

ယမန်နေ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်များက နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ထို့လူထုတွေ့ဆုံပွဲသို့ PSLF/TNLA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၃)စုက ဒေသခံ (၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။





ထိုတွေ့ဆုံပွဲတွင် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက "အသက်သွေးခြွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတစ်ခုလုံးအား တအာင်းတပ်မတော်နှင့် ထိုဒေသအတွင်းနေထိုင်ကြသည့် ပြည်သူလူထုများ စုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမည်"ဟု မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ထို့အပြင် PSLF/TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော် မိန့်ခွန်းပြောကြားရာတွင် "နမ့်ဆန်မြို့အပြင် မိမိတို့တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းပိုမိုအဆင့်မြှင်တင်သွားရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍများအား အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွားမည်"ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတွင် မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ပြီး မိမိတို့စည်းစည်းလုံးလုံးနေထိုင်သွားကြရန်လည်း PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မှာကြားသွားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူလူထုများကလည်း ၎င်းတို့လိုအပ်သည်များ ရှင်းလင်းတင်ပြခဲ့ပြီး နားမလည်သည့်အခန်းကဏ္ဍများအပေါ် ဆွေးနွေးခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောကြား
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်