100

ပန်လုံ - မန်စံကြားတွင် ယာဥ်တိုက်မှုဖြစ်၊ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
16 March 2024

ပန်လုံ - မန်စံကြားတွင် ယာဥ်တိုက်မှုဖြစ်၊ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး 


နမ္မတူ ၊ မတ်လ ၁၅ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်‌ဒေသ၊ နမ္မတူမြို့နယ်၊ ပန်လုံ - မန်စံကြား မိုင်းမုကျေးရွာအနီးတွင် ယမန်‌နေ့ ည(၇)နာရီအချိန်ခန့်၌ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့သည်။ 


အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်သည် ပန်လုံမှ မန်စံသို့ ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူ မောင်းနှင်လာသည့် ၆-ဘီး ကုန်တင်ယာဥ်နှင့် မန်စံမှ ပန်လုံသို့ ဦးတည် မောင်းနှင်နေသည့် အသက်(၂၀)နှစ်အရွယ် မိုင်းအိုက်လော့ဆိုသူတို့မှ ယာဥ်တိုက်မှုဖြစ်ကာ ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းကြောင့် မန်စံတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူရင်း သေဆုံးသွားသည်။ 


ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသည့် မိုင်းအိုက်လော့ဆိုသူသည် မိုင်းကိုင်မြို့နယ်၊ လွယ်လော်မ်ကျေးရွာဇာတိဖြစ်ပြီး မန်စံကျေးရွာအုပ်စု မန်ဆာကျေးရွာရှိ ဆွေမျိုးများထံ ပြောင်းဖူးချိုးသည့် နေ့စားအလုပ် လာရောက်လုပ်ကိုင်နေသူ ဖြစ်သည်။ 


လက်ရှိတွင် PSLFTNLA၏ တရားဥပဒေစိုးမိုးရေးအဖွဲ့မှ အသက်(၃၁)နှစ်အရွယ် ကုန်တင်ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူအား ယာဥ်မဆင်မခြင်မောင်းနှင်းခြင်းကြောင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ 


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်‌ဒေသ၊ နမ္မတူမြို့နယ်၊ ပန်လုံ - မန်စံကြား မိုင်းမုကျေးရွာအနီးတွင် ယမန်‌နေ့ ည(၇)နာရီအချိန်ခန့်၌ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့သည်။
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်