99

ကွတ်ခိုင်တွင် စကစထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို အမျိုးသားတစ်ဦးနင်းမိပြီး ခြေထောက်တစ်ဖက်ပျက်

ဒေသတွင်းသတင်း / ဒေသတွင်း
16 March 2024

ကွတ်ခိုင်တွင် စကစထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို အမျိုးသားတစ်ဦးနင်းမိပြီး ခြေထောက်တစ်ဖက်ပျက်


ကွတ်ခိုင်၊ မတ်လ ၁၆ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ်တွင် စကစထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို မတ်လ ၁၂ ရက်နေ့တွင် အမျိုးသားတစ်ဦး နင်းမိပြီး ခြေထောက်တစ်ဖက် ပျက်သွားခဲ့သည်။


ဖြစ်စဥ်တွင် မတ်လ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ရပ်ကွက် (၅) ရှိ တောင်ပေါ်ကျောင်းဘုရားနားတွင် ထင်သွားခွေရာမှ မိုင်းနင်းမိခဲ့သည်။


မိုင်းနင်းမိသူမှာ ဦးအိုက်ညို့ (အသက် ၄၂) နှစ် ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် နေထိုင်သည်။ မိုင်းကြောင့် ၎င်း၏ ညာဘက်ခြေထောက် ပျက်ပြီး ဘယ်ဘက်ခြေထောက်လည်း ဒဏ်ရာရခဲ့သည်။ ၎င်းအမျိုးသားအား တအာင်းတပ်မတော် ရဲဘော်များမှ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေသည်။


ထိုနေ့တွင်ပင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းစေတီပေါ်တွင် စကစထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို အမျိုးသားတစ်ဦး နင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။



ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြေမြှုပ်မိုင်းကြောင့် သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များမှာ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး (၁) ဦး သေဆုံးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် စကစထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို အမျိုးသားတစ်ဦးနင်းမိပြီး ခြေထောက်တစ်ဖက်ပျက်
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်