(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်
နမ့်ဆန်၊ နိုဝင်ဘာ ၂၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်မည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်မှ အသိပေး ထုတ်ပြန်ထားပါသည်။
အဆိုပါ မာရသွန်အပြေးပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်မှ ဦးဆောင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှတဆင့် လူသားတိုင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်လာစေရန်၊ ပြည်သူလူထုနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်လာစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများနှင့် မာရသွန်အပြေးပြိုင်ပွဲကို စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

၎င်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် အသက် (၁၆) နှစ်နှင့်အထက် (ကျား/မ)၊ လူမျိုးဘာသာမရွေး စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် လာမည့် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပြီး မိုင် (၁၀) ကျော် အကွာအဝေးကို အတူတကွ ပါဝင်ပြေးလွှားယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။
ယင်းနောက် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသည့် မိဘပြည်သူလူထုများအနေဖြင့် ဖုန်းနံပါတ် 09-698233013၊ 09-496788690 သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အလားတူ ပြီးခဲ့သည့် (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်၏ ဦးဆောင်မှုဖြင့် ကွတ်ခိုင်မြို့၌ မာရသွန်အပြေးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ