2332

တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း ညအပူချိန်များ လျော့နည်းကာ အအေးပိုလာနိုင်

ဒေသတွင်းသတင်း / ဒေသတွင်း
26 November 2026

တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း ညအပူချိန်များ လျော့နည်းကာ အအေးပိုလာနိုင်

 

နမ့်ဆန်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

 

တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း ညအပူချိန်များ ဆက်လက်ကျဆင်းကာ ဆောင်းရာသီအအေးဒဏ် ပိုမိုပြင်းထန်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) နှင့် မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

 

နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်များအရ တရုတ်နိုင်ငံဘက်မှ အားကောင်းသော အအေးလေဖိအားကြီးရပ်ဝန်း တောင်ဘက်သို့ ဆက်လက်တိုးချဲ့လာခြင်းနှင့် အရှေ့မြောက်မုတ်သုံလေ တိုက်ခတ်မှုအားကောင်းလာခြင်းတို့ကြောင့် ကုန်းမြင့်ဒေသများဖြစ်သည့် တအာင်းပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညအပူချိန်များ ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

 

သို့ဖြစ်ပါ၍ တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် လာမည့်ရက်များအတွင်း အအေးဒဏ်ပိုမိုခံစားရနိုင်သည့်အတွက် နွေးထွေးသောအဝတ်အစားများ ဝတ်ဆင်ခြင်း၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအားနည်းသူများကို အထူးဂရုပြုစောင့်ရှောက်ခြင်းတို့ဖြင့် ကျန်းမာရေးကို ကြိုတင်ကာကွယ်ကြရန် အသိပေးတိုက်တွန်း အစီရင်ခံတင်ပြအပ်ပါသည်။


#မိုးလေဝသနှင့် အယ်လ်နီညိုစောင့်ကြည့်ရေးအဖွဲ့

#PSLF သတင်းနှင့်ပြန်ကြားရေးဌာန

ကိုးကား - မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ၊ ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)၊ ထွက်တိုး (မိုးလေဝသအခြေအနေ သုံးသပ်ချက်)


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Topics: တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း ညအပူချိန်များ လျော့နည်းကာ အအေးပိုလာနိုင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်