2324

တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

ဒေသတွင်းသတင်း / ဒေသတွင်း
21 November 2026

တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို


နမ့်ဆန်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်


ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း DMH ထုတ်ပြန်ချက်အရ သိရသည်။


ယနေ့ညနေအထိ ခန့်မှန်းချက်အရ တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။


ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် လိုအပ်သည်။


လာမည့် နှစ်ရက်အတွင်းတွင်လည်း တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်တို့၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။


သတိပြုရန် - မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာပါက သစ်ပင်ကြီးများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဝေးရာတွင် နေထိုင်ပြီး မိုးကြိုးအန္တရာယ်ရှိချိန်၌ ပွင့်လင်းသောနေရာများတွင် မနေထိုင်ကြရန် တိုက်တွန်းအပ်ပါသည်။


တင်ပြသည့်အဖွဲ့  - မိုးလေဝသနှင့် အယ်လ်နီညိုဖြစ်စဉ်စောင့်ကြည့်ရေးအဖွဲ့

တင်းပြသည့်ဌာန - PSLF သတင်းနှင့်ပြန်ကြားရေးဌာန 

သတင်းရင်းမြစ် - DMH ထုတ်ပြန်ချက် (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ နံနက် ၇:၀၀ နာရီ)


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

Topics: တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်