နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၃) ဦးနှင့် လက်ဝယ်ထားရှိသူ (၂) ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
နမ့်ဆန်၊ နိုဝင်ဘာ ၁၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၃) ဦးနှင့် လက်ဝယ်ထားရှိသူ (၂) ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၂၉) ရက်နေ့တွင် နမ့်ဆန်မြို့၊ ဇယန်းမြောက်ရပ်ကွက်၌ မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၃) နှစ်အရွယ် ဦးအိုက်ဦးထံ ယာမဆေးပြား (၃၀.၅) ဂရမ်နှင့် အခြားဆက်စပ်သည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ မန်တုံမြို့နယ်၊ စေကော်အုပ်စု၊ လွယ်ခမ်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၆) ရက်နေ့ ည (၁၀း၃၀) နာရီအချိန်၌ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၁၈) နှစ်အရွယ် မိုင်းအိုက်လိုင်နှင့် အသက် (၂၉) နှစ်အရွယ် ဦးပန်ဦးတို့ထံ ယာမဆေးပြား (၁၃၀) ပြားကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည် နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၆း၃၀) နာရီအချိန်တွင် ဟိုခိုရပ်ကွက်၌ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိကြောင်း သတင်းရရှိသဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၈) နှစ်အရွယ် ဒေါ်ယေယွန်းနှင့် အသက် (၁၉) နှစ်အရွယ် လွေးယေနွေဦးတို့ထံ ယာမဆေးပြား (၁၃၀) ပြားကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးလက်ဝယ်ထားသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး - PSLF/TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည် ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၂) ရက်နေ့လည်း မိုင်းလုံမြို့နယ်၊ တောင်နီအုပ်စု၊ ပိန်အင်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်းသတင်းရရှိသဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျေးရွာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၈) နှစ်အရွယ် ဒေါ်နန်းမိုင်၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၁,၄၀၉) ပြား၊ ဖုန်း (၁) လုံး၊ ကျပ်ငွေ (၁,၇၇၀,၀၀၀) ကျပ်နှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
မှတ်ချက်များ