တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ PSEAH မူဝါဒ ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး
နမ့်ဆန်၊ နိုဝင်ဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ ဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွှဲသုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်စော်ကားမှုများမှ ကာကွယ်ရေးဆိုင်ရာ မူဝါဒ ချမှတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ (PSEAH Policy Development Workshop) ကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၃) ရက်တာ ဆွေးနွေးပွဲရလဒ်အနေဖြင့် TLEC ၏ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမည့် PSEAH မူဝါဒမူကြမ်းကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။

ယခုဆွေးနွေးပွဲကို TLEC ၏ ပညာရေးလုပ်ငန်းခွင်နှင့် စာသင်ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွှဲသုံးစားပြုမှုနှင့် ထိပါးနှောင့်ယှက်မှုများမှ ကင်းဝေးစေရန်၊ ဂုဏ်သိက္ခာရှိပြီး ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖန်တီးနိုင်ရေးအတွက် ခိုင်မာသည့် PSEAH မူဝါဒနှင့် လုပ်ထုံးလုပ်နည်း မူဘောင်များ ပူးပေါင်းရေးဆွဲချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် TLEC ၏ မိတ်ဖက်အဖွဲ့အစည်းများမှ နည်းပညာနှင့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တအာင်းပြည်ပညာရေးကောင်စီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့၊ ဒါရိုက်တာအဖွဲ့နှင့် ရုံးချုပ် ဝန်ထမ်းများ အပါအဝင် စုစုပေါင်း သင်တန်းသား (၄၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလကလည်း လုံခြုံစိတ်ချရသော သင်ယူမှုပတ်ဝန်းကျင်များ ဖန်တီးပေးနိုင်ရန်နှင့် ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကို ပညာရေး အစီအစဥ်များတွင် ထည့်သွင်းနိုင်ရန်ရည်ရွယ်၍ ဝန်ထမ်း (၄၀) ဦးကျော်ဖြင့် ကလေးဘေးကင်း လုံခြုံရေးဆိုင်ရာဆရာဖြစ်သင်တန်းကို ကျင်းပခဲ့သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ