2297

တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်း ဖော်ဆောင်ပေးရန်အတွက် တရုတ်ဘာသာစကားဒီပလိုမာ အပတ်စဉ် (၂) သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
08 November 2026

တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်း ဖော်ဆောင်ပေးရန်အတွက် တရုတ်ဘာသာစကားဒီပလိုမာ အပတ်စဉ် (၂) သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး

 

နမ့်ခမ်း၊ နိုဝင်ဘာ ၈ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Ta'angland Chinese Language Center (TCLC) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် တရုတ်ဘာသာစကား ဒီပလိုမာ (Diploma in Chinese Language)  အပတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်၌ ကျင်းပပြီးစီးခဲ့သည်။


 

အခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ အဖွင့်အမှာစကားပြောကြပြီးနောက် တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language)  အပတ်စဉ် (၁) မှ သင်တန်းသူ/သားများ Basic စာမေးပွဲဖြေဆိုရာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို ဆုချီးမြှင့်ပေးခြင်းနှင့်  အပတ်စဉ် (၂) ကို တက်ရောက်သည့် သင်တန်းသူတစ်ဦးမှ တရုတ်ဘာသာစကားဒီပလိုမာ တက်ရောက်ရခြင်း၏ ရည်ရွယ်များ ပြောကြားခြင်းနှင့် အက‌များ ဖျော်ဖြေခြင်းစသည့်အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။


 

အပတ်စဉ် (၂) သင်တန်းသည် သင်တန်းသား (၈) ဦးနှင့် သင်တန်းသူ (၁၅)ဦး စုစုပေါင်း (၂၃) ဦးဖြင့် တက်ရောက်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလအားဖြင့် (၂၀) လကြာမြင့်မည်ဖြစ်ပြီး ၎င်းကာလအတွင်း တအာင်းရုံးသုံးစာ၊ ကွန်ပျူတာအခြေခံနှင့် တရုတ်ဘာသာစကား အခြေခံမှ အဆင့်မြင့်အထိ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်းနှင့် သဒ္ဒါပိုင်းများကို အဆင့်ဆင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။


 

ယင်းအခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီးဂျုတ်ဂျား၊ ဗိုလ်မှူးကြီး ဆိုရ်ယ်ုမ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ မိဘပြည်သူများနှင့် သင်တန်းသူ/သားများအပါအဝင် စုစုပေါင်းလူဦးရေး (၁၀၀) ဦးဝန်းကျင် တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ Ta'angland Chinese Language Center (TCLC) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language)  သင်တန်းသည် ပညာတက် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ တအာင်းပြည်ပညာရေးမှတဆင့် နိုင်ငံတကာပညာရေးသို့ လက်လှမ်းမီနိုင်စေရန်နှင့် တိုင်းပြည်၏ နိုင်ငံရေးအကြပ်အတည်းကြောင့် ရပ်တန့်နေသည့်ပညာရေးကို ဆက်လက်ဆည်းပူးနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်း ဖော်ဆောင်ပေးရန်အတွက် တရုတ်ဘာသာစကားဒီပလိုမာ အပတ်စဉ် (၂) သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်