2296

နမ့်ဆန်မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
08 November 2026

နမ့်ဆန်မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ


နမ့်ဆန်၊ နိုဝင်ဘာ ၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်မြို့တွင်  ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးကော်မတီအဖွဲ့မှနိုဝင်ဘာလ (၆) ရက်နေ့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့သည်။



ယင်းဆွေးနွေးပွဲအတွင်း စာပေယဉ်ကျေးမှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းခြင်း၊ အခွန်ကောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မီးလောင်ကျွမ်းမှုမရှိအောင် အဓိကထား ကာကွယ်ဆောင်ရွက်ကြရန်၊ လမ်းပန်းဆက်သွယ်ရေး ပြုပြင်ဆောင်ရွက်ရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်၊  ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးများ ကင်းစင်းပပျောက်ရေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။



ထို့ပြင် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဖျန်းနိုင်ရန်နှင့် ဗီပိုး၊ စီပိုးရောဂါရှိသူများ စစ်ဆေးကုသဆောင်ရွက်နိုင်ရန်၊ တအာင်းရိုးရာစာပေယဉ်ကျေးမှုအထိမ်းအမှတ်ပွဲနှင့် ဘာသာရေးစာပေပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ပြည်သူလုံခြုံရေးနှင့် အခြားအန္တရာယ်များ မကျရောက်နိုင်ရန် မီးတိုင်တွင် မီးများ တပ်ဆင်ပေးရန်၊ အိမ်ဆောက်ရာတွင် မြေယာအကွာအဝေး တိကျစွာ သတ်မှတ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသော စိတ်ခေါ်မှုများ၊ အခက်အခဲများနှင့် ပြဿာနာများအပါအဝင် ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 


 

တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ လည်ပတ်နိုင်ရန်နှင့် ဒေသအကျိုးပြုလုပ်ငန်းများကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပါသည်။ 


အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်ခေါပ်ပြာ,၊ တအာင်းမြေတက္ကသိုလ်မှ ဒေါက်တာ‌ဟောည်၊  မြို့နယ်ရဲမှူးမှ  ဗိုလ်နော်မျံမ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဗိုလ်အနော်ရထာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်ဆမဲင်ရံက်၊ မြို့နယ်အခွန်ကောက်ဌာနမှူး ဒုဗိုလ်ပ္လါင်ဆငါးနှင့် အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း‌ (၂၀)ဦးကျော် တက်ရောက်ကျင်းပခဲ့သည်။ 


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်