2295

နမ့်ဆန်မြို့တွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖမ်းမှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
08 November 2026

နမ့်ဆန်မြို့တွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖမ်းမှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


နမ့်ဆန်၊ နိုဝင်ဘာ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် (၁း၀၀) နာရီအချိန်၌ အသက် (၅၃) နှစ်အရွယ် ဦးအိုက်လှသည် အမျိုးသမီးတစ်ဦး၏ နေအိမ်သို့ ဓာတ်မီးသွားငှားနေစဉ် ၎င်းအမျိုးသမီးက အိပ်နေသည်ကို အခွင့်ကောင်းယူ၍ အတင်းအဓ္ဓမပြုကျင့်သွားခဲ့သည်။


ထို့နောက် အမျိုးသားသည် ၎င်းအကြမ်းဖက်မှုပတ်သက်၍ ကြေအေးရန် ညှိနှိုင်းခဲ့သော်လည်း ကျူးလွန်ခံရသည့်အမျိုးသမီးက အဆိုပါကိစ္စများကို ကျေးရွာတာဝန်ရှိသူထံ သွားရောက်တိုင်ကြားခဲ့ပါသည်။ 


ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ကို သွားရောက်တိုင်ကြားခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့လည်း ပြစ်မှုကျူးလွန်ခဲ့သော ထို့အမျိုးသားကို အောက်တိုဘာလ (၃၁) ရက်နေ့တွင် သွားရောက်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ထိုကြောင့် ကလေးသူငယ်/ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် မိဘပြည်သူလူထုများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်း အသိပေးတိုင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖမ်းမှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်