မိုင်းလုံနှင့် နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) တို့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ
နမ့်ခမ်း၊ နိုဝင်ဘာ ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) တို့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၂) ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် မိုင်းလုံမြို့နယ်၊ တောင်နီအုပ်စု၊ ပိန်အင်ကျေးရွာတွင် နိုဝင်ဘာလ (၂) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျေးရွာတာဝန်ရှိသူမှ သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၈) နှစ်အရွယ် ဒေါ်နန်းမိုင်၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၁၄၀၉) ပြား၊ Redmi ဖုန်း (၁) လုံး၊ ပိုက်ဆံ (၁,၇၇၀,၀၀၀) ကျပ်နှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အလားတူ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ နောင်ကောင်ကျေးရွာတွင် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) မှ ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့၌ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၁) နှစ်အရွယ် ဦးစိုင်းပီထံ စိတ်ကြွဆေးပြား (၈၄) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၆) နှစ်အရွယ် ဦးထွန်းမြတ်နှင့် အသက် (၆၀) နှစ်အရွယ် ဦးအိုက်မြတ်ထံ ဘိန်းဖြူအနည်းငယ် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တပ်ရင်း (၁၀၁) မှ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦးနှင့် သုံးစွဲသူ (၂) ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အပ်နှံပေးခဲ့ပါသည်။
၎င်းတို့ကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ