2288

တအာင်းပြည် ဥပဒေရုံးက ရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၁၅) ဦး စတင်ခေါ်ယူနေ

ဒေသတွင်းသတင်း / ဒေသတွင်း
04 November 2026

တအာင်းပြည် ဥပဒေရုံးက ရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၁၅) ဦး စတင်ခေါ်ယူနေ 


နမ့်ဆန်၊ နိုဝင်ဘာ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ဥပဒေရုံးတွင် ဥပဒေရေးရာနှင့် ရုံးလုပ်ငန်းများကို စနစ်တကျ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၁၅) ဦး စတင်ခေါ်ယူနေကြောင်း ဥပဒေရုံးက ထုတ်ပြန်ခဲ့သည်။ 




ခေါ်ယူမည့်ရုံးစာရေးဝန်ထမ်းများသည် ဥပဒေရုံးဆိုင်ရာ စာရွက်စာတမ်းများနှင့် ဖိုင်တွဲများကို စနစ်တကျ ထိန်းသိမ်းခြင်း၊ ငွေစာရင်းဇယားများပြုစုခြင်း၊ ရုံးအစီရင်ခံစာများ ရေးသားပြုစုခြင်းနှင့် အခြား ရုံးလုပ်ငန်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ 




လျှောက်ထားလိုသူများအနေဖြင့် စနစ်ဟောင်း (၉) တန်း (သို့မဟုတ်) စနစ်သစ် (၁၀) တန်းထိ အောင်မြင် ပြီးမြောက်သူ (သို့မဟုတ်) ဘွဲ့ရရှိထားသူဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈) နှစ်နှင့် အထက်ရှိရမည် ဖြစ်သည်။​ ထို့အပြင် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သူ၊ ရုံးလုပ်ငန်းများကို စိတ်ဝင်စားသူ၊ ပေးအပ်သည့် ဝာာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူနှင့် ခရီးသွားလာနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 




အဆိုပါရွေးချယ်ခန့်အပ်ခြင်းခံရသူများသည် ဌာနက သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အနည်းဆုံး (၂) နှစ်ဝာာဝန်ထမ်းဆောင်ရန် ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည် ဖြစ်သည်။ ထို့အပြင် လုပ်သက် (၂) နှစ်မပြည့်မီ ဌာနပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခြင်း ပြုလုပ်ပါက သင်တန်းနှင့် အလုပ်ကာလအတွင်း ကုန်ကျခဲ့သည့် စရိတ်စုစုပေါင်း၏ (၃) ဆကို လျော်ကြေးအဖြစ် ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားပါသည်။​




စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာများကို နိုဝင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ ကိုယ်ရေးအကျဥ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာ၊​သင်တန်းဆင်းလက်မှတ်များနှင့် (၁၀) တန်းအောက်လက်မှတ်ရှိပါက မိတ္တူ (၂) စောင်စီ ပူးတွဲပေးပို့ရမည်ဖြစ်သည်။​




လျှောက်လွှာများကို Telegram အကောင့် (@AKHINLAY734)၊ WeChat QR Code မှ တစ်ဆင့် ပေးပို့နိုင်သကဲ့သို့ ဥပဒေရုံးသို့လည်း ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။​ အသေးစိတ် အချက်အလက်များကို ဖုန်းနံပါတ် ၀၉ ၆၆၂၉၀၅၇၄၃ နှင့် ၀၉ ၄၄၇၃၈၀၃၆၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။​






Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် ဥပဒေရုံးက ရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၁၅) ဦး စတင်ခေါ်ယူနေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်