2252

တအာင်းပြည်ရှိ မြို့နယ် (၃) ခုတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၇) ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
25 October 2026

တအာင်းပြည်ရှိ မြို့နယ် (၃) ခုတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၇) ဦး ဖမ်းဆီးရမိ

နမ့်ဆန်၊ အောက်တိုဘာ ၂၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၇) ဦးကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။​




ဖြစ်စဥ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့ ည (၈း၀၀) နာရီအချိန်၌ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အသက် (၆၀) နှစ်အရွယ် ဦးခွေချမ်း၏နေအိမ်အတွင်းမှ ဘိန်းဖြူ (၁၃) ဂရမ်၊ ယာမဆေးပြား (၁၂၈) ပြား၊ ကျပ်ငွေ (၂၅၀,၀၀၀) ကျပ်နှင့် ဖုန်း (၁) လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။​

အလားတူ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၅း၃၀) နာရီအချိန်တွင် နမ့်ဆန်မြို့နယ်၊​ မန်မိုင်မိန်ကွမ်ကျေးရွာ၌ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အသက် (၂၄) နှစ်အရွယ် ဦးအဒါးသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

ထို့အပြင် အောက်တိုဘာလ (၂၀) ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ အရှေ့လုံတောက်ကျေးရွာတွင် မူးယစ် ဆေးဝါးသုံးစွဲနေကြောင်းသတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အသက် (၂၁) နှစ်အရွယ် မိုင်းအောင်ခိုင်နှင့် အသက် (၁၈) နှစ်အရွယ် မိုင်းအိုက်စိန်တို့ကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ အောက်တိုဘာလ (၂၁) ရက်နေ့တွင် နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာ၌ မူးယစ်ဆေးဝါးရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၆) နှစ်အရွယ် ဦးမျိုးမင်းဦးနှင့် ရောင်းဝယ်သူ ဦးဇော်ဘောက်၊ ဦးအိုက်စိုးတို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၂) ဦးထံမှ ဘိန်းဖြူ (၂၆) ဂရမ်နှင့် စိတ်ကြွဆေးပြားထုပ်သေး (၁) ထုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။​

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ရှိ မြို့နယ် (၃) ခုတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၇) ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်