2251

မန်တုံမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
25 October 2026

မန်တုံမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

 

မန်တုံ၊ အောက်တိုဘာ၂၅ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ မန်တုံမြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူး ဂူ;ရဲင်မှ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို အပြည့်အဝတာဝန်ယူဆောင်ရွက်ကြရန်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် နောက်ဆုံးပြင်ဆင်ဖြည့်စွက်ထားသည့် စာရင်းများကို မြို့နယ်ရုံးသို့ ပုံမှန်ပေးပို့ကြရန်နှင့် မိမိတို့တာဝန်ယူထားသော လုပ်ငန်းတာဝန်များကို အစဉ်တစိုက် ကြိုးစားအားထုတ်၍ ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

 



ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသတွင်း သန့်ရှင်းသာယာလှပရေး၊ ယာဉ်လိုင်စင်ဆိုင်ရာလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး ကလေးငယ်များအား ကာကွယ်ဆေးပုံမှန်ထိုးနှံပေးရေး၊ တီဘီရောဂါသည်များအား အခမဲ့ကုသပေးရေးနှင့် ငွေကြေးအခက်အခဲရှိသော မိခင်နှင့်ကလေးငယ်များအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသအတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြဿနာများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အဓိကလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 



ထို့ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူး ဂူ;ရဲင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အပါအဝင် လူဦးရေ (၂၈) ဦး တက်ရောက်ခဲ့ကြသည်။

 

၎င်းတွေ့ဆုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ ချောမွေ့စွာလည်ပတ်နိုင်ရန်နှင့် တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်ကြွစွာ ထမ်းဆောင်ကာ ဒေသအကျိုးပြုလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်