2249

နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ်(၂) အရံမီးသတ်သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
24 October 2026

နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ်(၂) အရံမီးသတ်သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြီးစီး

 

နမ္မတူ၊ အောက်တိုဘာ ၂၄ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဥ် (၂) အရံမီးသတ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၂၂)ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

 



အဆိုပါသင်တန်းတွင် ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယဌာနမှူး နောမှဲမ်မှ သင်တန်းသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေး၊ ပစ္စည်းဥစ္စာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ သင်တန်းမှရရှိခဲ့သည့် အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို ထိရောက်စွာ အသုံးချကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 



၎င်းသင်တန်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့တွင် စတင်ဖွင့်ရာ (၂၅)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့သည်။ သင်တန်းတွင် သင်တန်းသား (၄၇)ဦး တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလအတွင်းတွင် အခြေခံစစ်ရေးပြ၊ မီးသတ်ဥပဒေ၊ မီးသတ်ဆေးဗူးအသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်း၊ အဆင့်မြင့်မီးသတ်ရေပိုက်လိုင်းများ အသုံးပြု၍ မီးငြှိမ်းသတ်ရေး နည်းဗျူဟာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေ့ဦးသူနာပြုစုနည်း စသည့်ဘာသာရပ်များ စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ စနစ်တကျ သင်ကြားပေးခဲ့သည်။


 


သင်တန်းဆင်းပွဲတွင် တတ်ရောက်အောင်မြင်ပြီးမြောက်သော သင်တန်းသား (၄၇)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ထူးချွန်သူများကိုလည်း ဆုများချီးမြှင့်ခဲ့သည်။ ထိုအပြင် သင်တန်းသားများသင်ကြားတတ်မြောက်ခဲ့သည့် ဘာသာရပ်များအလိုက် သရုပ်ပြသရာတွင် ရှေးဦးသူနာပြုစုနည်း အသက်အရွယ်အလိုက် ခွဲခြား၍ စနစ်တကျ ပြုစုစောင့်ရှောက်ပုံများကို သရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဆိုင်ရာ နည်းစနစ်များကိုလည်း လက်တွေ့သရုပ်ပြသမှုများ ပြုလုပ်ခဲ့ကြသည်။


သင်တန်းကို မီးဘေးအန္တာရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အခြားသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တပြေးညီ ထိရောက်စွာ ကူညီကယ်ဆည်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုများလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ပါသည်။

 



ထို့အခမ်းအနားသို့  ဗဟိုအထွေအထွေအုပ်ချုပ်ရေးဌာန ဒုဌာနမှူးနော;မှဲမ်၊ ဗဟိုမီးသတ်ဉီးစီးမှူး ဒုဗိုလ်မှူးကြီး တံင်ရိူန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တအာင်းစာပေယဥ်ကျေးမှုကော်မတီ ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများအပါအဝင် လူဦးရေ (၁၀၀)ဦး တတ်ရောက်ခဲ့ကြသည်။

 

Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ်(၂) အရံမီးသတ်သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်