နမ့်ဆန်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိ
နမ့်ဆန်၊ အောက်တိုဘာ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စု၊ မန်မိုင်မန်ကွမ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသား(၂)ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် အောက်တိုဘာလ (၁၈)ရက် ညနေ (၅း၃၀)နာရီခွဲအချိန်တွင် အသက် (၄၇)နှစ်အရွယ် ဦးယိုင်လှကျော်နှင့် အသက် (၅၄)နှစ်အရွယ် ဦးအိုက်ဆောင်တို့ (၂)ဦးသည် အထက်တောင်ကျော်ကျေးရွာ၌ ရှိနေစဉ်ချိန် ၎င်းတို့(၂)ဦး မူးယစ်ဆေးဝါးရောင်ဝယ်နေကြောင်း သတင်းရရှိရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးကာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးရမိသူ ဦးယိုင်လှကျော်ထံမှ ဘိန်းဖြူ (၆.၂)ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၆၄)ပြားနှင့် ဦးအိုက်ဆောင်ထံမှ ဘိန်းဖြူ (၉.၂)ဂရမ်၊ စိတ်ကြွဆေးပြား (၁၅၀)ပြား၊ ပါဝါဘတ် (၁)လုံးနှင့် ဖုန်း (၁)လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
၎င်း ဖမ်းဆီးရမိထားသည့် အမျိုးသား (၂)ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်နေ့တွင်လည်း မန်တုံမြို့၊ ဟိုခိုရပ်ကွက်တွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ အမျိုးသမီး (၁)ဦးအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့် လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြဿနာများ လျော့နည်းစေရန် ဖမ်းဆီးအရေးယူခြင်းများအပြင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အသိပညာပေးခြင်းနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ